လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ
နိုင်ငံတော်အစိုးရသည် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနှင့် လူသားအရင်းအနှီးဖွံ့ဖြိုးတိုးတက်ရေးတို့အား ဦးစားပေးလုပ်ငန်းများအနေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ ကမ္ဘာလုံးဆိုင်ရာ သုတေသန တွေ့ရှိချက်များအရ လူမှုကာကွယ်စောင့်ရှောက်ရေး (Social Protection)လုပ်ငန်းများသည် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနှင့် လူသားအရင်းအနှီး ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ထိရောက်မှုအရှိဆုံးသော နည်းလမ်းတစ်ရပ်ဖြစ်ကြောင်း သိရှိရပါသည်။ ပြီးခဲ့သော ဆယ်စုနှစ်(၂)ခုအတွင်း ကမ္ဘာ့နိုင်ငံအများအပြားတွင် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် အကောင်အထည်ဖော် ဆောင်ရွက်လာသည် ကို တွေ့ရှိရပါသည်။ ယနေ့ မြန်မာနိုင်ငံတွင်လည်းနိုင်ငံတော်အစိုးရသည် လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများ၏ အခန်းကဏ္ဍကို အသိအမှတ်ပြုသောအားဖြင့် လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသား ကော်မတီတစ်ရပ်ကို နိုင်ငံတော်သမ္မတရုံး၏ ၂၀၁၈ခုနှစ်၊ မေလ(၁၇)ရက်နေ့ရက်စွဲပါ အမိန့် ကြော်ငြာစာအမှတ် (၃၉/၂၀၁၈)ဖြင့် ဖွဲ့စည်းခဲ့ပြီး ၂၀၁၉ခုနှစ်၊ မတ်လ(၁)ရက်နေ့တွင် ကျင်းပခဲ့သော ဒုတိယအကြိမ်အစည်းအဝေး ဆုံးဖြတ်ချက်အရ နိုင်ငံတော်သမ္မတရုံး၏ ၂၀၁၉ခုနှစ်၊ ဇွန်လ(၁၇) ရက်နေ့ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၇၄/၂၀၁၉)ဖြင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးကို လူမှုကာကွယ်စောင့်ရှောက်ရေး ဆိုင်ရာ အမျိုးသားကော်မတီ အဖွဲ့ဝင်အဖြစ် ဖြည့်စွက်ဖွဲ့စည်းခဲ့ပါသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး၏ ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ (၂၇) ရက်နေ့ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၁၄/၂၀၂၁) ဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ ဒုတိယဥက္ကဋ္ဌကိုလူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာအမျိုးသားကော်မတီဥက္ကဋ္ဌအဖြစ် ပြင်ဆင် ဖွဲ့စည်းလိုက်ပါသည်။
လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသား ကော်မတီတွင် လုပ်ငန်းတာဝန်(၁၁)ရပ်ပါရှိပါသည်။
ယင်းလုပ်ငန်းတာဝန်(၁၁)ရပ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအမျိုးသားကော်မတီ၏ ပထမအကြိမ်အစည်းအဝေးကို (၁၅.၆.၂၀၁၈) ရက်နေ့တွင်လည်းကောင်း၊ ဒုတိယအကြိမ် အစည်းအဝေးကို (၁.၃.၂၀၁၉)ရက်နေ့တွင်လည်းကောင်း၊ တတိယအကြိမ်အစည်းအဝေးကို (၂၀-၁၂-၂၀၁၉)ရက်နေ့တွင် လည်းကောင်း၊ စတုတ္ထအကြိမ်အစည်အဝေး အား (၃၀-၁၂-၂၀၂၀) ရက်နေ့တွင်လည်းကောင်းအသီးသီးကျင်းပ ပြုလုပ်ခဲ့ပြီး ဖြစ်ပါသည်။
လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာအမျိုးသားကော်မတီပြင်ဆင်ဖွဲ့စည်းခြင်း
လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာအမျိုးသားကော်မတီအစည်းအဝေးကျင်းပခြင်းဆိုင်ရာမှတ်တမ်းဓာတ်ပုံများ