ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဝါးခယ်မမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၅-၂၀၂၄) ရက်နေ့ (၀၉:၃၀) နာရီအချိန်မှ (၁၂:၀၀) နာရီအချိန်ထိ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ ဦးမန်းစောဘု(မိဘမဲ့ဂေဟာ)တွင် ဂေဟာမှူး နှင့်တကွဂေဟာမှ ကျောင်းသား/သူ (၂၀၀) ဦးတို့အား ဦးစီးဌာနလုပ်ငန်းဆောင်ရွက်နေမှုများ၊ ထောက်ပံ့ပေးမှုများ၊ သဘာဝဘေးနှင့်ပတ်သက်သော ဆောင်ရန်/ ရှောင်ရန်အချက်များ၊ မီးခိုးညစ်ညမ်းမှုအကြောင်း၊ တောမီးအန္တရာယ်အကြောင်းနှင့် ပလတ်စတစ်ညစ်ညမ်းမှုအကြောင်း ဆောင်ရန်/ ရှောင်ရန် အချက်များအား  ဆွေးနွေးဟောပြောခဲ့ပြီး နံရံကပ်ပိုစတာနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါသည်။

Source: DDM

နောက်ဆုံးရသတင်းများ

ဥတ္တရသီရိမြို့နယ်၊ သရက်တောကျေးရွာအုပ်စု၊ (သရက်တော၊ ပိုးစာတော၊ မသိမ်)ကျေးရွာများတွင် လေပြင်းဘေးဒဏ်ခံနိုင်ရေးအတွက် အားဖြည့်မွမ်းမံပြင်ဆင်နိုင်ရန် လိုအပ်သည့်ထောက်ပံ့ပစ္စည်းများ ပေးအပ်မှုသတင်း
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံ(ဆိပ်ကမ်း)မြို့နယ်၊ ‌ရွှေသံလွင်ဘိုးဘွားရိပ်သာ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာဟောပြောပွဲနှင့် လမ်းကမ်းစာစောင်ဝေငှမှုသတင်း
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ဗဟန်းမြို့နယ်ရှိ နှင်းဆီကုန်းဘိုးဘွားရိပ်သာ၌ သဘာဝဘေး အန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲနှင့် ငလျင်သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခန်း ပြုလုပ်မှု သတင်း

MOS

DSW

DDM

DOR