(၂၀.၁၁.၂၀၂၃) ရက်နေ့ နံနက် (၁၁:၃၀)နာရီတွင် ကြည့်မြင်တိုင်မျက်မမြင်ကျောင်း၌ ကျင်းပပြုလုပ်သည့် (၂၀.၁၁.၂၀၂၃) ရက်နေ့မှ (၁၆.၂.၂၀၂၄) ရက်နေ့အထိ ဖွင့်လှစ်ဆောင်ရွက်သည့် “မျက်မမြင်လက်စမ်းစာ အရေး/အဖတ်(၃)လသင်တန်း” ဖွင့်ပွဲအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းရုံး ညွှန်ကြားရေးမှူး၊ ခရိုင်ဦးစီးမှူးများ၊ မသန်စွမ်းကျောင်းများမှ ကျောင်းအုပ်များနှင့် သင်တန်းသား (၁၀) ဦးတို့ တက်ရောက်ခဲ့ကြပါသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းရုံး ညွှန်ကြားရေးမှူးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ယခုလိုသင်တန်းဖွင့်လှစ်ရခြင်းရဲ့ အဓိကရည်ရွယ်ချက်မှာ မျက်မမြင်စာပေကို အရေး၊ အဖတ်ကျွမ်းကျင်တက်မြောက်စေရန်နှင့် ဆက်လက်သင်ကြားပေးနိုင်မည့် ဆရာ/ ဆရာမများ မွေးထုတ်ရန်ဖြစ်ပါကြောင်း၊ သင်တန်းသားများအနေနဲ့ မျက်မမြင်စာများကို သင်တန်းကာလ (၃) လအတွင်း အာရုံစူးစိုက်ကြိုးစားပြီး လေ့လာသင်ယူနိုင်လိမ့်မယ်လို မျှော်လင့်မိပါကြောင်း မျက်မမြင်စာပေ အရေး၊အဖတ်ကျွမ်းကျင်စွာ သင်ယူတက်မြောက်ပြီး မိမိတာဝန်ကျရာ မျက်မမြင်ကျောင်းအသီးသီးမှ ကလေးသူငယ်များကို နည်းစနစ်ကျကျ လေ့ကျင့်သင်ကြားပေးစေလိုကြောင်း ပြောကြားခဲ့ပါသည်။


နောက်ဆုံးရသတင်းများ

ကယားပြည်နယ်အတွင်းရှိ ထိခိုက်လွယ်အုပ်စုဝင်များဖြစ်သည့် အသက် (၇၀) နှစ်နှင့်အထက် သက်ကြီးပုဂ္ဂိုလ်များ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသည့် အသက်(၅) နှစ်အောက်ကလေးများ၊ မသန်စွမ်းသူများအား ချီးမြှင့်ငွေပေးအပ်ခြင်းအခမ်းအနား
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ချင်းတွင်းခန်းမတွင် စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးက ဖွင့်လှစ်သည့် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ (အခြေခံ) သင်တန်းဆင်းပွဲကျင်းပ
ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး ဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက် အကောင်အထည်ဖော်မှုနှင့် တိုင်ကြားမှု ယန္တရားများအကြောင်းနှင့် ကျား/မအခြေပြု အကြမ်းဖက်မှုဆိုင်ရာ အကြောင်းအရာများအား အသိပညာပေး ဟောပြောပွဲ

MOS

DSW

DDM

DOR