ကယားပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံသင်တန်းကို လွိုင်ကော်မူလတန်းကြိုကျောင်းခန်းမ၌ (၅.၉.၂၀၂၂) ရက်နေ့မှ (၂၅.၉.၂၀၂၂) ရက်နေ့အထိ သင်တန်းသူ(၃၀) ဦးဖြင့် ဖွင့်လှစ်ခဲ့ရာ လွိုင်ကော်မြို့နယ်အတွင်းရှိ ကလေးပြုစုပျိုးထောင်ရေးစိတ်ပါဝင်စားသူများနှင့် မူကြိုဆရာမပြုလုပ်လိုသူများ တက်ရောက်ခဲ့ကြပါသည်။


၂၀၂၂-၂၀၂၃  ဘဏ္ဍာရေးနှစ်၊ ဒုတိယ (၃) လပတ်အတွက် ကယားပြည်နယ်အတွင်း လွိုင်ကော်ခရိုင်အတွင်းရှိ လွိုင်ကော်၊ ရှားတောမြို့နယ်နှင့် ဘောလခဲခရိုင်အတွင်းရှိ ဘောလခဲ၊ ဖါးဆောင်း၊ မယ်စဲ့မြို့နယ်များမှ လူမှုရေးပင်စင်ခံစားခွင့်ရှိသော အဘိုး (၁၇၈) ဦး၊ အဘွား (၂၈၀)ဦး၊ စုစုပေါင်း (၄၅၈) ဦး အတွက် ထောက်ပံ့ငွေစုစုပေါင်း (၁၃.၇၄)ကျပ်သန်းအား (၁၇.၉.၂၀၂၂) ရက်နေ့မှစ၍ ထောက်ပံ့ပေးအပ်ခဲ့ပါသည်။


ကယားပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပြည်နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းဆိုင်ရာ‌ဆွေးနွေးပွဲ (Talk Show) ကို (၂၁.၉.၂၀၂၂) ရက်နေ့တွင် ပြုလုပ်ခဲ့ပါသည်။

နောက်ဆုံးရသတင်းများ

Virtual စနစ်ဖြင့် ကျင်းပသည့် ၂၁ ကြိမ်မြောက် အာဆီယံအမျိုးသမီးကော်မတီ (ACW) နှင့် ဆက်စပ်အစည်းအဝေးများသို့ လူမှုဝန်ထမ်းနှင့်ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာအဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးနှင့်ဆက်စပ်အစည်းအဝေးများသို့ပါဝင်တက်ရောက်ခြင်း
လူမှုသဟဇာတနှင့် လူမှုပေါင်းစည်းရေးဆိုင်ရာ(ဆင့်ပွား) သင်တန်း၊ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် တက်ရောက်အမှာစကားပြောကြားခြင်း
လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၂)အား ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။
မွန်ပြည်နယ်အတွင်းရှိ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများမှ တည်ထောင်ဖွင့်လှစ်ထားရှိသော ဘိုးဘွားရိပ်သာများအား ၂၀၂၂-၂၀၂၃ ခု၊ ဘဏ္ဍာရေးနှစ်အတွက် ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကို မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ တောင်ဝိုင်းဘိုးဘွားရိပ်သာ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

MOS

DSW

DDM

DOR