လူမှုရေးပညာဘာသာရပ် အထောက်အကူပြုသင်တန်းဖွင့်လှစ်ခြင်းအား ယနေ့နံနက်ပိုင်းက မင်္ဂလာသီရိဟိုတယ်၌ ကျင်းပခဲ့ပါသည်။ အဆိုပါသင်တန်းသို့ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ၊ ဘာသာရပ်ဆိုင်ရာသင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြပါသည်။ သင်တန်းတွင် ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဒုတိယညွှန်ကြားရေးမှူးချုပ်က သင်တန်းနှင့်ပတ်သက်၍ လိုအပ်သည်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။

ထို့နောက် သင်တန်းနည်းပြများက ပို့ချမည့် ဘာသာရပ်ဆိုင်ရာနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခြင်းနှင့် သင်တန်းသား မိတ်ဆက်ခြင်းတို့ ဆောင်ရွက်ခဲ့ကြပြီး စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့ကြပါသည်။ ယခုသင်တန်းအား (၂၉.၇.၂၀၂၄) ရက်နေ့မှ (၂.၈.၂၀၂၄) ရက်နေ့အထိ သင်တန်းသား/ သင်တန်းသူ (၁၃) ဦးဖြင့် သင်ကြားပို့ချသွားမည်ဖြစ်ပါသည်။


နောက်ဆုံးရသတင်းများ

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်အတွင်း အဆိုးဆုံးရွားပုံစံဖြင့်ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
ရှမ်းပြည်နယ်လူမှုဝန်ထမ်းရုံး၊ ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းများ၊ ပုဂ္ဂလိကမူလတန်းကြို ကျောင်းများ၏ တည်ထောင်ခွင့်ပြုမိန့် သက်တမ်းတိုးနှင့် တည်ထောင်ခွင့်ပြုမိန့်များပေးအပ်ခြင်း အခမ်းအနား

MOS

DSW

DDM

DOR