အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနားကို ၈-၃-၂၀၂၅ ရက်တွင် ကယားပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ကယားပြည်နယ်ဝန်ကြီးချုပ်၊ ဦးဇော်မျိုးတင်က အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ပြည်နယ်အစိုးရအဖွဲ့ဝင်၊ ဝန်ကြီးများ၊ ဖိတ်ကြားထားသော ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြပါသည်။ 

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အခမ်းအနားအတွက် ချီးမြှင့်ငွေကျပ်(၃၁၀,၀၀ဝိ/-) အား ပြည်နယ်လူမှုဝန်ထမ်းရုံး၊ ပြည်နယ်ဦးစီးမှူး၊ ဒေါ်စိန်စိန်မော်မှ လက်ခံရယူခဲ့ပါသည်။ ထို့နောက် ကပြဖျော်ဖြေမည့် အကအဖွဲ့များကို ဂုဏ်ပြုချီးမြှင့်ငွေကျပ် စုစုပေါင်း (၅)သိန်းအား အကအဖွဲ့များကိုယ်စား ကျောင်းသူ(၂)ဦး ကလက်ခံရယူခဲ့ပါသည်။ အခမ်းအနားတွင် လွိုင်ကော်မူလတန်းကြိုကျောင်းမှ ရင်သွေးငယ်လေးများက “ထာဝရသစ္စာ” သီချင်းဖြင့်လည်းကောင်း၊ လွိုင်ကော်ပညာရေးဒီဂရီကောလိပ်မှ ကျောင်းသူလေးများက “မြန်မာ့ရှုခင်း၊မြန်မာ့စိတ်ရင်း” သီချင်းနှင့် “အပျိုဖြန်း”သီချင်းတို့ဖြင့် လည်းကောင်း၊ နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ်မှ ကျောင်းသူလေးများက “ထာဝရမြန်မာ” သီချင်းဖြင့်လည်းကောင်း၊ လွိုင်ကော်သူနာပြုနှင့်သားဖွားသင်တန်းကျောင်းမှ သင်တန်းသူလေးများက “မင်္ဂလာပါ” သီချင်းဖြင့်လည်းကောင်း အသီးအသီး ကပြဖျော်ဖြေခဲ့ကြပြီး အခမ်းအနားအား ညနေ(၁၅:၀၀)နာရီအချိန်တွင် ရုတ်သိမ်းခဲ့ပါသည်။


နောက်ဆုံးရသတင်းများ

ညောင်လေးပင်ခရိုင် အမျိုးသမီးကော်မတီဝင်များအား ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲကျင်းပ
ကယားပြည်နယ်အတွင်းရှိ ထိခိုက်လွယ်အုပ်စုဝင်များဖြစ်သည့် အသက် (၇၀) နှစ်နှင့်အထက် သက်ကြီးပုဂ္ဂိုလ်များ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသည့် အသက်(၅) နှစ်အောက်ကလေးများ၊ မသန်စွမ်းသူများအား ချီးမြှင့်ငွေပေးအပ်ခြင်းအခမ်းအနား
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ချင်းတွင်းခန်းမတွင် စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးက ဖွင့်လှစ်သည့် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ (အခြေခံ) သင်တန်းဆင်းပွဲကျင်းပ
ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး ဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက် အကောင်အထည်ဖော်မှုနှင့် တိုင်ကြားမှု ယန္တရားများအကြောင်းနှင့် ကျား/မအခြေပြု အကြမ်းဖက်မှုဆိုင်ရာ အကြောင်းအရာများအား အသိပညာပေး ဟောပြောပွဲ

MOS

DSW

DDM

DOR