လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လှိုင်းဘွဲ့ မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ်ပြန်လည်ထူထောင်ရေးဦးစီး ဌာနတို့နှင့်ပူးပေါင်း၍ (၁၁-၆-၂၀၂၄) ရက်နေ့၊ (၁၀:၀၀) နာရီအချိန်မှ (၁၂:၀၀) နာရီအချိန်ထိ လှိုင်းဘွဲ့မြို့၊ အခြေခံပညာ အထက်တန်းကျောင်း၌ ကျောင်းသား/သူ စုစုပေါင်း (၁၅၀) ဦးတို့အား သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန်အချက်များ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာကိစ္စရပ်များ၊ တောမီးအန္တရာယ်နှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်သည့် သိပညာပေးဟောပြောဆွေးနွေးခြင်း၊ လူမှုဝန်ထမ်းဦးစီးဌာနမှ အမျိုးသမီးများနှင့် အရေးပေါ်အခြေအနေ များဆိုင်ရာကိစ္စရပ်များအား ဟောပြောဆွေးနွေးခြင်း၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ မသန်စွမ်းသူများ၏ အခွင့်အရေးများ ဆိုင်ရာကိစ္စရပ်များနှင့် မြို့နယ်ရဲတပ်ဖွဲ့မှ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာကိစ္စရပ်များအား  ဟောပြောဆွေးနွေးခဲ့ပြီး ဘေး(၉)မျိုး အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်း၊ ကျောင်းဝန်းအတွင်း၌ မိုးကြိုးဘေး (၄x၅) ပေရှိ ဗီနိုင်းပိုစတာ ပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ပါသည်။


Source:  DDM

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်းနှင့်ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းတို့ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက် မြို့နယ်၊ ဇီးကုန်းမြို့နယ်များအတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးနေအိမ်များအား ကွင်းဆင်းကြည့်ရှုထောက်ပံ့ပေးအပ်
အိန္ဒိယသမ္မတနိုင်ငံအစိုးရနှင့် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနတို့အကြား နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးပွဲအခမ်းအနား ကျင်းပခြင်း
တိုင်းဒေသကြီး အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းကော်မတီက ကြီးမှူး၍ စွန့်ပစ်ပစ္စည်းများဖြင့် သင်ထောက်ကူ ပစ္စည်းပြုလုပ်ခြင်း၊ အီကိုပရင့်သင်တန်း၊ ခြင်းတောင်းယက်နည်းသင်တန်း၊ အိတ်ချုပ်လုပ်နည်းသင်တန်း၊ အခြေခံပန်းချီသင်တန်းများ သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

MOS

DSW

DDM

DOR