လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် Gender/CEDAW/NSPAW/AGMSF/ UNSCR 1325အသိပညာပေးသင်တန်းဖွင့်ပွဲ အခမ်းအနားအား ယနေ့နံနက်ပိုင်းတွင်အဆိုပါဝန်ကြီးရုံး စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း၊ ဒုတိယဝန်ကြီး၊တာဝန်ရှိသူများ၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့နှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့အောက်ရှိဦးစီးဌာနတို့မှသင်တန်းသား၊ သင်တန်းသူ(၃၆)ဦးတက်ရောက်ခဲ့ကြပါသည်။

အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက ယနေ့ဖွင့်လှစ်သည့် သင်တန်းသည် အမျိုးသမီးများအား ကာကွယ်စောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်ဖြစ်၍အရေးကြီးပါကြောင်း၊ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်ကို တည်ဆောက်ရာတွင် နိုင်ငံလူဦးရေ၏ထက်ဝက်ကျော်ရှိသည့်အမျိုးသမီးများ၏ အင်အားမှာအရေးပါသည့် အရင်းအမြစ်တစ်ခုဖြစ်သည့်အတွက်အမျိုးသမီးစွမ်းဆောင်ရည်မြှင့်တင်ရေးလုပ်ငန်းများအလေးထားအကောင်အထည်ဖော်ဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း၊ ကမ္ဘာတစ်ဝန်းလုံးတွင်ဆောင်ရွက်နေကြသည့် ကျား၊မတန်းတူညီမျှရေးနှင့် အမျိုးသမီးအခွင့်အရေးများနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံကပါဝင်ဆောင်ရွက်နေသည့် Gender/CEDAW/NSPAW/ AGMSF/ UNSCR 1325 လုပ်ငန်းစဉ်များကိုသိရှိစေရန်နှင့် မိမိတို့ဌာနကဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များကို ဆွေးနွေးပြောကြားခြင်း ဖြစ်ပါကြောင်း၊ကမ္ဘာ့ကုလသမဂ္ဂကချမှတ်ထားသည့် Sustainable Development Goals  စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်တိုင်အမှတ်(၅)ကိုအကောင်အထည်ဖော်ဆောင်ရွက်နေခြင်းလဲဖြစ်ကြောင်း၊ ကျား၊ မ ရေးရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ကဏ္ဍစုံတွင် ပါဝင်ဆောင်ရွက်စေရန်နှင့် ဝန်ကြီးဌာန၊အဖွဲ့အစည်းများအကြားအမျိုးသမီးများ၏အခွင့်အရေးများကိုချိတ်ဆက်မှုကောင်းကောင်းဖြင့်  ပိုမိုမြှင့်တင်ဖော်ဆောင်ပေးနိုင်ရန်ရည်ရွယ်၍ဖွင့်လှစ်ရခြင်းဖြစ်ပါကြောင်း၊သင်တန်းသားများအနေဖြင့်လည်း သင်တန်းမှရရှိသည့် ဗဟုသုတများနှင့် သက်ဆိုင်ရာဝန်ကြီး ဌာနအသီးသီးမှ ချမှတ်ဆောင်ရွက်လျက်ရှိသည့် မူဝါဒ၊ မဟာဗျူဟာ၊ ပင်မလုပ်ငန်းအစီအစဉ်များနှင့် စီမံကိန်းများတွင်ကျား၊ မ ရေးရာကို စနစ်တကျ ထည့်သွင်းစဉ်းစားရေးဆွဲကြရန်၊သင်တန်းတွင်တက်တက်ကြွကြွပါဝင်ဆွေးနွေးသွားကြစေလိုကြောင်းနှင့်ယခုဖွင့်လှစ်သောသင်တန်းမှရရှိသည့်ဗဟုသုတ၊အသိပညာများကိုလက်တွေ့လုပ်ငန်းခွင်တွင် အသုံးချသွားကြစေလိုကြောင်းတိုက်တွန်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ သင်တန်းသား/ သင်တန်းသူများက မိတ်ဆက်ခဲ့ကြပြီး သင်တန်းဖွင့်ပွဲအခမ်းအနားအား(၁၀:၀၀)နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။ ဆက်လက်ပြီး သင်ခန်းစာများ ရှင်းလင်းဆွေးနွေးခြင်း၊ အပြန်အလှန်မေးမြန်းခြင်းများ ဆောင်ရွက်လျက်ရှိပြီး သင်တန်းကို(၂)ရက်တာဖွင့်လှစ်မည်ဖြစ်ပါကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

ကယားပြည်နယ်အတွင်းရှိ ထိခိုက်လွယ်အုပ်စုဝင်များဖြစ်သည့် အသက် (၇၀) နှစ်နှင့်အထက် သက်ကြီးပုဂ္ဂိုလ်များ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသည့် အသက်(၅) နှစ်အောက်ကလေးများ၊ မသန်စွမ်းသူများအား ချီးမြှင့်ငွေပေးအပ်ခြင်းအခမ်းအနား
ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ်၊ ဘုရားကြီးကုန်းကျေးရွာအုပ်စု၊ ဆင်တိုးကျေးရွာ၊ ဘုန်းကြီးကျောင်းဓမ္မာရုံ၌ ကျေးရွာနေပြည်သူများအား မန္တလေးငလျင်ကြီးလှုပ်ခတ်မှု (၁)နှစ်ပြည့် အကြိုငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအောက်ရှိဦးစီးဌာနများ၏လုပ်ငန်းဆောင်ရွက်ချက်များကြည့်ရှုစစ်ဆေးခြင်းနှင့်ဦးစီးဌာနအရာထမ်း၊အမှုထမ်းများနှင့်တွေ့ဆုံခြင်း
“လူကုန်ကူးမှုများနှင့်ပတ်သက်သည့် တရားစီရင်ရေးလုပ်ငန်းစဉ်များနှင့် တရားစီရင်ရေးလုပ်ငန်းစဉ် အတွင်း လူကုန်ကူးခံရသူများအား အကာအကွယ်ပေးခြင်းဆိုင်ရာ စွမ်းရည်မြှင့်သင်တန်း” ဖွင့်ပွဲ အခမ်းအနားကျင်းပ
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ချင်းတွင်းခန်းမတွင် စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးက ဖွင့်လှစ်သည့် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ (အခြေခံ) သင်တန်းဆင်းပွဲကျင်းပ

MOS

DSW

DDM

DOR