လူမှု၀န်ထမ်း၊ ကယ်ဆယ်​ရေးနှင့်ပြန်လည်​နေရာချထား​ရေး၀န်ကြီးဌာန၊​ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဥတ္တရခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၁၁-၂၀၂၄) ရက်နေ့၊ (၁၃:၀၀) နာရီအချိန်မှ (၁၅:၀၅) နာရီအထိ တပ်ကုန်းမြို့နယ်၊ နွယ်ရစ် ကျေးရွာအုပ်စု၊ နွယ်ရစ်ကျေးရွာရှိ အ.လ.က ကျောင်းဝန်း၌ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ဥတ္တရခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှူဦးစီးဌာနမှ လ/ထ ညွှန်မှူး ဦးဇော်မိုးလွင်၊ ခရိုင်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနမှ လ/ ထ ညွှန်မှူး ဦးကျော်နိုင်ဦး၊ အမှတ် (၃)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု (တပ်ကုန်း) မှ ရဲအုပ် ဝေဖြိုးဦး၊ ရွှေမြို့နယ်မြေရဲစခန်းမှူး ရဲအုပ်ထွန်းနိုင်ဝင်း၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်၊ မြို့နယ်ဥပဒေရုံးမှ ဒုမြို့နယ်ဥပဒေအရာရှိ ဒေါ်ဆွေဇင်သက်ထား၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းခင်မိုးမိုးအေး နှင့် ဆရာ/ ဆရာမများ၊ ကျောင်းသား/သူများ၊ စုစုပေါင်းအင်အား (၄၀၀) ဦးခန့် တက်ရောက်ခဲ့ပြီး အခမ်းအနားတွင် လ/ထညွှန်မှူး ဦးဇော်မိုးလွင်က သဘာဝဘေးအန္တရာယ်ဆိုင်ရာ ရှောင်ရန်/ဆောင်ရန်များ ဟောပြောဆွေးနွေးခြင်း၊ ဒုမြို့နယ်ဥပဒေအရာရှိ ဒေါ်ဆွေဇင်သက်ထားမှ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအကြောင်း ဟောပြောဆွေးနွေးခြင်း၊ ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်က လူငယ်နှင့်အနာဂတ်အကြောင်း ဟောပြောဆွေးနွေးခြင်း၊ လ/ထ ညွှန်မှူး ဦးကျော်နိုင်ဦးက စုပေါင်းကာကွယ် မီးခိုးမြူငွေ့အန္တရာယ်အကြောင်း ရှင်းလင်းဟောပြောခြင်း၊ ရဲအုပ်ဝေဖြိုးဦးက လူကုန်ကူးမှုဆိုင်ရာပြစ်ဒဏ်များ ရှင်းလင်းဟောပြောခြင်းနှင့် ရဲအုပ်ထွန်းနိုင်ဝင်းက မှုခင်းကျဆင်းရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

Source:  DDM

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း မူးယစ်ဆေးဝါးသုံးစွဲမှုဖြတ်ပြီးသူများအတွက် စခန်းအခြေပြုပြန်လည်ထူထောင်ရေးသင်တန်းအမှတ်စဉ်(၁/၂၀၂၆)သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်း ပြည်ခရိုင်အတွင်းရှိ လူမှုဝန်ထမ်းဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန ခရိုင်ရုံးများ ကြည့်ရှုစစ်ဆေးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင် လက်နက်ကိုင်ပဋိက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသောကျူးလွန်မှုများမှ ကာကွယ်တားဆီးရေးလုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး(UNHCR) ၏မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Mr. Barnaby Jonesအားလက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သောလက်နက်ပစ္စည်းများအန္တရာယ် အသိပညာပေးခြင်းဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား

MOS

DSW

DDM

DOR