အသေးစားဖွံ့ဖြိုးမှုစီမံကိန်းများ(Small Development Projects-SDP)အကောင်အထည်ဖော်ရေးအတွက် အိန္ဒိယနိုင်ငံ၏အကူအညီပေးရေးဆိုင်ရာ နားလည်မှုစာချွန်လွှာရေးထိုးဆောင်ရွက်ရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနက အဆိုပြုထားသည့် အိမ်တွင်းမှုသက်မွေးပညာသင်ကျောင်း ၁၁ ကျောင်းအတွက်စက်ပစ္စည်းကိရိယာများထောက်ပံ့ခြင်းနှင့် ရန်ကုန်အိမ်တွင်းမှုသက်မွေးပညာသင်ကျောင်းအားအဆင့်မြှင့်တင်ခြင်း၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနက  အဆိုပြုထားသည့် မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်းများတွင် သင်ထောက်ကူပစ္စည်းများနှင့် သက်မွေးသင်တန်းပံ့ပိုးခြင်း နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုးပွဲအခမ်းအနားအား ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ ၂၁ ရက်၊ ၁၄း၀၀ နာရီအချိန်တွင် ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ပါ သည်။

အဆိုပါအခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံး၊ လူမှုဝန်ထမ်းဦးစီးဌာန၊ နိုင်ငံခြား ရေးဝန်ကြီးဌာနနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူ များတက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယသံရုံးမှ Deputy Chief of Mission က အဖွင့်အမှာစကားပြောကြားခဲ့ပြီး  လူမှုဝန်ထမ်းဦးစီးဌာန၊  ညွှန်ကြားရေးမှူးချုပ်နှင့် နားလည်မှုစာချွန်လွှာများလက်မှတ်ရေးထိုးခဲ့ကြပါသည်။ ထို့နောက် လူမှုဝန်ထမ်းဦးစီးဌာန၊  ညွှန်ကြားရေးမှူးချုပ်က အမျိုးသမီးနှင့်မိန်းကလေးငယ်များအတွက် အသက်မွေးဝမ်းကြောင်း လုပ်ငန်းများ၊ မိသားစုဝင်ငွေတိုးလုပ်ငန်းများနှင့် အသေးစားစီးပွားရေးလုပ်ငန်းများ ထူထောင် နိုင်ရန်အတွက်လည်းကောင်း၊မူးယစ်ဆေးဖြတ်ပြီးသူများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်း များအတွက်လည်းကောင်း များစွာအထောက်အကူပြုသည့် နားလည်မှုစာချွန်လွှာများဖြစ်သော ကြောင့်အိမ်နီးချင်းအိန္ဒိယနိုင်ငံအား ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်ဟုသတင်းရရှိပါသည်။


နောက်ဆုံးရသတင်းများ

ကရင်ပြည်နယ်၊ ဘားအံမြို့၊ ပြည်နယ်လူမှုဝန်ထမ်းရုံးအစည်းအဝေးခန်းမတွင် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းဥပဒေအသိပညာပေးသင်တန်းဖွင့်လှစ်
ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပင်မအထောက်အကူပြု ဗဟိုဌာန (ရန်ကုန်) ၌ ပြင်ပပုဂ္ဂိုလ်များအတွက် အသက် (၆) လ မှ (၃) နှစ် ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံသင်တန်း အမှတ်စဉ် (၁၈) ဖွင့်လှစ်ခြင်း
မုံရွာမူလတန်းကြိုကျောင်းတွင် စစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံးက ကြီးမှူးဖွင့်လှစ်သည့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာ (အခြေခံ) သင်တန်းဆင်းပွဲကျင်းပ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ခေါ်ယူထားသော ဒုတိယဦးစီးမှူး(ဝင်ပေါက်) ရာထူး (၅၀)နေရာ ရေးဖြေအောင်မြင်သူများစာရင်း ထုတ်ပြန်ခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းနှင့်နေပြည်တော်ကောင်စီဥက္ကဌ ဦးသန်းထွန်းဦးတို့ တာဝန်ရှိသူများနှင့်အတူ နေပြည်တော်ပျဥ်းမနားမြို့၊ မီးဘေးသင့်ပြည်သူများ ယာယီကယ်ဆယ်ရေးစခန်းသို့ ထပ်မံသွား ရောက်၍ လိုအပ်သည်များ ထောက်ပံ့ဆောင်ရွက်ခဲ့

MOS

DSW

DDM

DOR