အသေးစားဖွံ့ဖြိုးမှုစီမံကိန်းများ(Small Development Projects-SDP)အကောင်အထည်ဖော်ရေးအတွက် အိန္ဒိယနိုင်ငံ၏အကူအညီပေးရေးဆိုင်ရာ နားလည်မှုစာချွန်လွှာရေးထိုးဆောင်ရွက်ရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနက အဆိုပြုထားသည့် အိမ်တွင်းမှုသက်မွေးပညာသင်ကျောင်း ၁၁ ကျောင်းအတွက်စက်ပစ္စည်းကိရိယာများထောက်ပံ့ခြင်းနှင့် ရန်ကုန်အိမ်တွင်းမှုသက်မွေးပညာသင်ကျောင်းအားအဆင့်မြှင့်တင်ခြင်း၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနက  အဆိုပြုထားသည့် မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်းများတွင် သင်ထောက်ကူပစ္စည်းများနှင့် သက်မွေးသင်တန်းပံ့ပိုးခြင်း နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုးပွဲအခမ်းအနားအား ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ ၂၁ ရက်၊ ၁၄း၀၀ နာရီအချိန်တွင် ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ပါ သည်။

အဆိုပါအခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံး၊ လူမှုဝန်ထမ်းဦးစီးဌာန၊ နိုင်ငံခြား ရေးဝန်ကြီးဌာနနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူ များတက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယသံရုံးမှ Deputy Chief of Mission က အဖွင့်အမှာစကားပြောကြားခဲ့ပြီး  လူမှုဝန်ထမ်းဦးစီးဌာန၊  ညွှန်ကြားရေးမှူးချုပ်နှင့် နားလည်မှုစာချွန်လွှာများလက်မှတ်ရေးထိုးခဲ့ကြပါသည်။ ထို့နောက် လူမှုဝန်ထမ်းဦးစီးဌာန၊  ညွှန်ကြားရေးမှူးချုပ်က အမျိုးသမီးနှင့်မိန်းကလေးငယ်များအတွက် အသက်မွေးဝမ်းကြောင်း လုပ်ငန်းများ၊ မိသားစုဝင်ငွေတိုးလုပ်ငန်းများနှင့် အသေးစားစီးပွားရေးလုပ်ငန်းများ ထူထောင် နိုင်ရန်အတွက်လည်းကောင်း၊မူးယစ်ဆေးဖြတ်ပြီးသူများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်း များအတွက်လည်းကောင်း များစွာအထောက်အကူပြုသည့် နားလည်မှုစာချွန်လွှာများဖြစ်သော ကြောင့်အိမ်နီးချင်းအိန္ဒိယနိုင်ငံအား ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်ဟုသတင်းရရှိပါသည်။


နောက်ဆုံးရသတင်းများ

ကယားပြည်နယ်အတွင်းရှိ ထိခိုက်လွယ်အုပ်စုဝင်များဖြစ်သည့် အသက် (၇၀) နှစ်နှင့်အထက် သက်ကြီးပုဂ္ဂိုလ်များ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသည့် အသက်(၅) နှစ်အောက်ကလေးများ၊ မသန်စွမ်းသူများအား ချီးမြှင့်ငွေပေးအပ်ခြင်းအခမ်းအနား
ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ်၊ ဘုရားကြီးကုန်းကျေးရွာအုပ်စု၊ ဆင်တိုးကျေးရွာ၊ ဘုန်းကြီးကျောင်းဓမ္မာရုံ၌ ကျေးရွာနေပြည်သူများအား မန္တလေးငလျင်ကြီးလှုပ်ခတ်မှု (၁)နှစ်ပြည့် အကြိုငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအောက်ရှိဦးစီးဌာနများ၏လုပ်ငန်းဆောင်ရွက်ချက်များကြည့်ရှုစစ်ဆေးခြင်းနှင့်ဦးစီးဌာနအရာထမ်း၊အမှုထမ်းများနှင့်တွေ့ဆုံခြင်း
“လူကုန်ကူးမှုများနှင့်ပတ်သက်သည့် တရားစီရင်ရေးလုပ်ငန်းစဉ်များနှင့် တရားစီရင်ရေးလုပ်ငန်းစဉ် အတွင်း လူကုန်ကူးခံရသူများအား အကာအကွယ်ပေးခြင်းဆိုင်ရာ စွမ်းရည်မြှင့်သင်တန်း” ဖွင့်ပွဲ အခမ်းအနားကျင်းပ
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ချင်းတွင်းခန်းမတွင် စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးက ဖွင့်လှစ်သည့် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ (အခြေခံ) သင်တန်းဆင်းပွဲကျင်းပ

MOS

DSW

DDM

DOR