မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် (၁၉)ကြိမ်မြောက်နှစ်ပတ်လည်အစည်းအဝေး ဖွင့်ပွဲအခမ်းအနားကိုယနေ့နံနက်ပိုင်းတွင်နေပြည်တော်ရှိမြန်မာနိုင်ငံအမျိုးသမီးရေးရာ အဖွဲ့ချုပ်(ရုံးချုပ်)သီရိရတနာခန်းမ၌ကျင်းပရာ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်ဂုဏ်ထူးဆောင်နာယကနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊နိုင်ငံတော်ဝန်ကြီးချုပ်၏ဇနီး ဒေါ်ကြူကြူလှတက်ရောက်သည်။

အခမ်းအနားသို့ဂုဏ်ထူးဆောင်နာယကများဖြစ်သည့် ဒေါ်ခင်သက်ဌေးနှင့်ဒေါ်သန်းသန်းနွယ်၊ မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီ ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာသက်သက်ခိုင်၊ အမြဲတမ်းအတွင်းဝန်နှင့်ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့်ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ ဒုတိယခေါင်းဆောင်များ၊ လုပ်ငန်းအဖွဲ့ခွဲခေါင်းဆောင်များ၊ အတွင်းရေးမှူးများ၊နေပြည်တော်ကောင်စီနယ်မြေနှင့် တိုင်းဒေသကြီး/ပြည်နယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဌနှင့်အတွင်းရေးမှူးများ၊  မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြန်မာနိုင်ငံအမျိုးသမီးနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့်လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာသက်သက်ခိုင်က ၁၉၉၅ ခုနှစ် ဘေဂျင်းကြေညာစာတမ်းအရ အမျိုးသမီးများအား ကဏ္ဍစုံလုပ်ငန်းနယ်ပယ်အသီးသီးမှာ ပါဝင်ခွင့်ရရှိစေဖို့နဲ့ အမျိုးသမီးများရဲ့ စွမ်းဆောင်ရည်မြင့်မားရေး၊ ဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် နိုင်ငံတော်အဆင့် လုပ်ငန်းယန္တရားဖြစ်တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီကို  ၁၉၉၆ ခုနှစ်၊ ဇူလိုင်လ(၃) ရက်နေ့မှာ ဖွဲ့စည်းခဲ့ပါကြောင်း၊မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်အနေနဲ့ မြန်မာနိုင်ငံလုံး ဆိုင်ရာအမျိုးသမီးကော်မတီမှာ အဖွဲ့ဝင်အဖြစ် နေပြည်တော်ကောင်စီ/ တိုင်းဒေသကြီး/ ပြည်နယ်/ ခရိုင်/ မြို့နယ်အသီးသီးမှာ ဖွဲ့စည်းထားတဲ့ အမျိုးသမီးကော်မတီများမှာလည်း တက်ကြွစွာပါဝင်ဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီရဲ့ လုပ်ငန်းယန္တရားကို ပိုမိုအသက်ဝင်စေကာ လုပ်ငန်းတာဝန်များ ထိရောက်ကျယ်ပြန့်စွာ ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိပါကြောင်း၊မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီအနေနဲ့ နိုင်ငံတော်က ဆောင်ရွက်လျက်ရှိတဲ့ ကျား၊မ တန်းတူညီမျှရေးနဲ့ အမျိုးသမီးများ အား ကာကွယ်စောင့်ရှောက်ခြင်းနဲ့ စွမ်းပကားမြှင့်တင်ခြင်းလုပ်ငန်းစဉ်များနဲ့ပတ်သက်ပြီး နိုင်ငံတကာအဆင့် အကောင်အထည်ဖော် ဆောင်ရွက်မှုအနေနဲ့ အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက် ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းနဲ့ ၂၀၁၅ ခုနှစ်မှာ ကုလသမဂ္ဂကချမှတ်ခဲ့တဲ့ စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်များ စတဲ့ နိုင်ငံတကာလုပ်ငန်းအစီအစဉ်များကို နိုင်ငံတော်ရဲ့ မူဝါဒနှင့်အညီ အကောင်အထည်ဖော်လျက်ရှိတာဖြစ်ပါကြောင်း၊ ၂၀၂၁ ခုနှစ်၊ဒီဇင်ဘာလ(၁၅)ရက်နေ့မှ (၁၇)ရက်နေ့အထိကျင်းပခဲ့တဲ့ (၁၇)ကြိမ်မြောက်အာဆီယံလူမှုဝန်ထမ်းနှင့်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာအဆင့်မြင့်အရာရှိကြီးများအစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးများကျင်းပစဉ်ကာလအတွင်း ချီးမြှင့်ခဲ့တဲ့အာဆီယံ လူမှုဝန်ထမ်းနှင့်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ထူးချွန်ဆုကိုမြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်ကအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိတဲ့ ကျေးလက်နေအမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးစီမံချက်ကထိုက်ထိုက်တန်တန်ရရှိခဲ့တဲ့အတွက် ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း (၂၀၁၃-၂၀၂၂) (NSPAW) Phase 1 ပါ လုပ်ငန်းစဉ်များဖြစ်တဲ့ အမျိုးသမီးများနဲ့ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊မီဒီယာ၊ သဘာဝပတ်ဝန်းကျင်၊ အမျိုးသမီးများအပေါ်အကြမ်းဖက်မှု၊ အရေးပေါ်အခြေအနေနဲ့ ပဋိပက္ခဒေသအတွင်းရှိအမျိုးသမီးများအတွက်လုပ်ငန်းရပ်များဆောင်ရွက်ပေးလျက်ရှိရာမှာ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်နဲ့လည်း ပူးပေါင်းပါဝင် ဆောင်ရွက်လျက်ရှိတာကိုသိရှိရတဲ့အတွက်လှိုက်လှိုက်လှဲလှဲဂုဏ်ယူဝမ်းမြောက်မိပါကြောင်းနှင့်အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း(၂၀၂၃-၂၀၃၂) NSPAW Phase 2 ရေးဆွဲရေးကိုဆက်လက်ဆောင်ရွက်သွားရမှာဖြစ်ပါကြောင်း၊ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေး လုပ်ငန်းစဉ်များမှာလည်းသက်ဆိုင်ရာဝန်ကြီးဌာနများမှဝန်ထမ်းများနဲ့အတူ နေပြည်တော်ကောင်စီ/တိုင်းဒေသကြီး/ ပြည်နယ်များရှိစေတနာ့ဝန်ထမ်းများ၊ ပရဟိတအဖွဲ့အစည်းများ၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်တို့နဲ့ပူးပေါင်းပြီး ကိုဗစ်-၁၉ ရောဂါအသိပညာပေးခြင်းလုပ်ငန်းများ၊ ကိုဗစ် -၁၉ရောဂါပိုး စစ်ဆေး သည့်နေရာများ၊ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းစဉ်များမှာ ပူးပေါင်းဆောင်ရွက်ခဲ့မှုများအကိုအထူးလေးစားအားရဖွယ် တွေ့ရှိရပါကြောင်း၊အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အာဆီယံဆိုင်ရာလုပ်ငန်းများအပါအဝင် လူမှုဝန်ထမ်းလုပ်ငန်းများကိုအကောင်အထည်ဖော်ဆောင်ရွက်ရာမှာ ကော်မတီအဖွဲ့ဝင်အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းများများရဲ့အခန်းကဏ္ဍဟာများစွာအရေးပါတာဖြစ်လို့ ရှေ့လုပ်ငန်းစဉ်များအကောင်အထည်ဖော်ဆောင်ရွက်ရာမှာ မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီနဲ့အတူ အားလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရန် တိုက်တွန်းပါကြောင်းပြောကြားသည်။ ဆက်လက်၍မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်မှအကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့်ကျေးလက်ဒေသအမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးမှတ်တမ်းဗီဒီယိုကိုကြည့်ရှုအားပေးခဲ့ကြသည်။

ဆက်လက်၍ ကျေးလက်ဒေသအမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးစီမံချက်၊ ကျေးရွာများအားဆုချီးမြှင့်ခြင်းအစီအစဉ်ကို ဆက်လက်ပြုလုပ်ခဲ့ရာ ဂုဏ်ထူးဆောင်နာယကဒေါ်ကြူကြူလှကလွှမ်းခြုံမှုနှင့်စွမ်းဆောင်မှုအကောင်းဆုံးဆုတွင် ပထမဆုရရှမ်းပြည်နယ်၊ ဒုတိယဆုရမကွေးတိုင်းဒေသကြီး၊ တတိယဆုရရန်ကုန်တိုင်းဒေသကြီးနှင့်အထူးဆုရ ချင်းပြည်နယ်နှင့်ပဲခူးတိုင်းဒေသကြီးတို့မှ ကိုယ်စားလှယ်များကိုလည်းကောင်း၊ ဂုဏ်ထူးဆောင်နာယကဒေါ်ခင်သက်ဌေးကလွှမ်းခြုံမှုအကောင်းဆုံးဆုတွင်ပထမဆုရကချင်ပြည်နယ်၊ ဒုတိယဆုရစစ်ကိုင်းတိုင်းဒေသကြီး၊တတိယဆုရမွန်ပြည်နယ်နှင့်အထူးဆု ရနေပြည်တော်ကောင်စီနယ်မြေတို့မှကိုယ်စားလှယ်များကိုလည်းကောင်း၊ဂုဏ်ထူးဆောင်နာယကဒေါ်သန်းသန်းနွယ်က စွမ်းဆောင်မှုအကောင်းဆုံးဆုတွင်ပထမဆုရဧရာဝတီတိုင်းဒေသကြီး၊ ဒုတိယဆုရကရင်ပြည်နယ်၊ တတိယဆုရရခိုင်ပြည်နယ်နှင့် အထူးဆုရကယားပြည်နယ်နှင့်တနင်္သာရီတိုင်းဒေသကြီးတို့မှ ကိုယ်စားလှယ်များကိုလည်းကောင်း၊နာယကဒေါ်နီနီဝင်းကစဉ်ဆက် မပြတ်စွမ်းဆောင်မှုအကောင်းဆုံးဆုတွင် ပထမဆုရရန်ကုန်တိုင်းဒေသကြီး၊ ဒုတိယဆုရရှမ်းပြည်နယ်၊ တတိယဆုရမွန်ပြည်နယ်နှင့်အထူးဆုရမန္တလေးတိုင်းဒေသကြီးတို့မှ ကိုယ်စားလှယ်များကိုလည်းကောင်းအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ထို့နောက် ဂုဏ်ထူးဆောင်နာယကနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်၏ဇနီးဒေါ်ကြူကြူလှနှင့်ဂုဏ်ထူးဆောင်နာယကများဖြစ်သည့် ဒေါ်ခင်သက်ဌေးနှင့်ဒေါ်သန်းသန်းနွယ်တို့သည်အခမ်းအနားသို့တက်ရောက်လာကြသူများနှင့်အတူစုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ပြီးမြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၏လှုပ်ရှားဆောင်ရွက်မှုမှတ်တမ်းဓါတ်ပုံများကိုလှည့်လည်ကြည့်ရှုကြသည်။

ယင်းနောက်မြန်မာနိုင်ငံအမျိုးသမီးရေးရာ အဖွဲ့ချုပ် (၁၉)ကြိမ်မြောက်နှစ်ပတ်လည် အစည်းအဝေးနေ့လယ်ပိုင်း(ပထမပိုင်းအစီအစဉ်)ကိုဆက်လက်ကျင်းပရာ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါက်တာသက်သက်ဇင်က အမှာစကားပြောကြားပြီး သဘာပတိအဖြစ် ဆောင်ရွက်သည်။ ဆက်လက်၍ နေပြည်တော်/တိုင်းဒေသကြီး/ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့များက (၂)နှစ်တာကာလအတွင်း ဆောင်ရွက်ချက်များကို တင်ပြကြပြီးတင်ပြချက်များအပေါ်သဘာပတိမှပြန်လည်သုံးသပ်ခဲ့သည်။

ဆက်လက်၍ အစည်းအဝေးနေ့လယ်ပိုင်း(ဒုတိယပိုင်းအစီအစဉ်)ကိုဆက်လက်ကျင်းပရာဒုတိယဥက္ကဋ္ဌ-၁ဒေါ်တင်တင်လတ်ကသဘာပတိအဖြစ်ဆောင်ရွက်ပြီးတိုင်းဒေသကြီး/ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့များက (၂)နှစ်တာကာလအတွင်း ဆောင်ရွက်ချက်များကို တင်ပြကြရာတင်ပြချက်များအပေါ်သဘာပတိမှ ပြန်လည်သုံးသပ်ခဲ့ကြောင်းနှင့် အဆိုပါနှစ်ပတ်လည်အစည်းအဝေးကို ၂၀၂၃ ခုနှစ်၊ဇန်နဝါရီလ(၁၆)ရက်နေ့မှ (၁၇)ရက်နေ့အထိ(၂)ရက်တာကျင်းပသွားမည်ဟုသတင်းရရှိပါသည်။

                                                                                                    သတင်းစဉ်

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်း ခရိုင်၊ မြို့နယ်များတွင် ရောက်ရှိနေသော တိုက်ပွဲရှောင်၊ နေရပ်စွန့်ခွာသူများအား ဆန်ရိက္ခာနှင့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းအား မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ၏အကြီးအကဲဖြစ်သူ Mr. Sajjad Mohammad Sajid မှလာရောက်တွေ့ဆုံ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း Gender/CEDAW/ AGMSF/ NSPAW/ UNSCR1325 အသိပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ မြောက်မြိုက်ကျေးရွာအုပ်စု၊ ဒဟတ်ကုန်းကျေးရွာ၊ အေးချမ်းသာစံပြကျေးရွာအုပ်စု၊ အေးချမ်းသာစံပြကျေးရွာ၊ ကျေးချောင်းကျေးရွာအုပ်စု၊ မိုးနှံကုန်း၊ ထရံကာ၊ သော်တာ၊ ကျေးချောင်း မြောက်ကျေးရွာတို့၌ ဖြစ်ပွားသော လေဘေးအတွက် ထောက်ပံ့မှုသတင်း
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ အောင်သာယာရပ်ကွက်၊ ရန်ကုန် - မန္တလေးလမ်းဟောင်း၊ အကွက်အမှတ်(၂၂၆၄)၌ ဖြစ်ပွားသော မီးဘေးအတွက် ထောက်ပံ့မှုသတင်း

MOS

DSW

DDM

DOR