လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ တရုတ်တန်းရပ်ကွက်၌ (၃၁-၇-၂၀၂၄)ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် တစိတ်တပိုင်းပျက်စီးနေအိမ် (၁)လုံးအတွက်  အိမ်ဆောက်ပစ္စည်းရန်ပုံငွေ  (၅၀,၀၀၀/-)၊ လူဦးရေ(၃)ဦးအတွက်  ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၆,၃၀၀/-) ၊ စုစုပေါင်းထောက်ပံ့ငွေ   ( ၅၆,၃၀၀/-) အား  (၁-၈-၀၂၄)ရက်နေ့၊ နေ့လည် (၁၅: ၀၀)နာရီအချိန်တွင်  ​မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ဘေးသင့်ပြည်သူများ လက်ဝယ်သို့ သွားရောက်ထောက်ပံ့ခဲ့ပါသည်။

Source: DDM

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းရန်ကုန်မြို့ မသန်စွမ်းသက်ငယ်သင်တန်းကျောင်းနှင့် ကြည့်မြင်တိုင် မျက်မမြင်ကျောင်းမှကျောင်းသား၊ ကျောင်းသူများ၊ မုန်တိုင်းအန္တရာယ်နှင့် ငလျင်ဘေးအန္တရာယ် ဇာတ်တိုက်လေ့ကျင့်မှုများသို့တက်ရောက်၍ အဖွင့်အမှာစကားပြောကြား
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း၊အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ်စာစီစာကုံးပြိုင်ပွဲသို့သွားရောက်ကြည့်ရှုအားပေး

MOS

DSW

DDM

DOR