လူမှု၀န်ထမ်း၊ ကယ်ဆယ်​ရေးနှင့်ပြန်လည်​နေရာချထား​ရေး၀န်ကြီးဌာန၊ ​ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ပုသိမ်ခရိုင်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် ပုသိမ်မြို့၊ အမှတ်(၆)ရပ်ကွက်၊ အ​ရှေ့နှစ်​ထောင် တန်(၂)လမ်း၌ (၁၆-၃-၂၀၂၃)ရက်​နေ့ (၂၁း၃၀)နာရီအချိန်တွင် ဖြစ်ပွားခဲ့​သော မီး​ဘေး​ကြောင့် မီး​လောင် ပျက်စီး​ (သွပ်မိုး/ပျဥ်ကာ) နေအိမ်(၂)လုံးအတွက် အိမ်​ဆောက်ပစ္စည်းဖိုး​ထောက်ပံ့​ငွေကျပ် (၄၀၀,၀၀ဝ/-)၊ ကယ်ဆယ်​ရေးပစ္စည်း (၁၈)မျိုးပါ (၂)ပုံး၊ အလှူပစ္စည်း (JICA)​စောင် (၂)ထည်၊ အိပ်ယာခင်း (၂)ခု၊ Unicef တာ​ပေါ်လင်(၂)စ၊ ကာ​ဘော်လိပ်ဆပ်ပြာ(၄)​တောင့်၊ ​ဘေးသင့်အိမ်​ထောင်စု(၂)စုမှ ​ဘေးသင့်လူဦး​ရေ ကျား/မ (၈)ဦးအတွက် (၇)ရက်စာ ဆန်ရိက္ခာဖိုး​​ထောက်ပံ့​ငွေကျပ် (၁၆,၈၀ဝ/-)၊ စုစု​ပေါင်း​ထောက်ပံ့​ငွေကျပ် (၄၁၆,၈၀ဝ/-)တိတိနှင့် ပုသိမ်မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့မှ (၁)အိမ်​ထောင်လျှင် (၁၀၀,၀၀ဝ/-) နှုန်းဖြင့် ​ထောက်ပံ့​ငွေကျပ်(၂၀၀,၀၀ဝ/-)တိတိတို့အား (၁၇-၃-၂၀၂၃)ရက်​နေ့၊ (၁၁း၅၀)နာရီအချိန်တွင် ပုသိမ်မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့မှတာ၀န်ရှိသူများနှင့်အတူ ​ဘေးသင့်ပြည်သူများလက်၀ယ်အ​ရောက် ကွင်းဆင်း​ထောက်ပံ့​ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: DDM

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းနှင့်မသန်စွမ်းသက်ကြီးသင်တန်းကျောင်းများသို့ ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းဝန်ထမ်းများစွမ်းဆောင်ရည်မြှင့်တင်ခြင်းနှင့်သိုလှောင်ရုံထိန်းသိမ်းခြင်းသင်တန်းအမှတ်စဉ်(၁/၂၀၂၅) သင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက်

MOS

DSW

DDM

DOR