လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ ထန်းတပင်မြို့နယ် ချောင်းညီအကိုကျေးရွာအုပ်စုနှင့် ကြိမ်ပိုက်ကျေးရွာအုပ်စုတို့၌ (၁၅-၅-၂၀၂၃)ရက်နေ့တွင် မိုးသည်းထန်စွာရွာ သွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးအိမ်ခြေ (၂)လုံး၊ အိမ်ထောင်စု(၂)စု၊ လူဦးရေ (၉)ဦးတို့ အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၈,၉၀ဝ/-)ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀ဝ/-)၊ စုစု ပေါင်းထောက်ပံ့ငွေ (၁၁၈,၉၀ဝ/-) ကျပ်တို့အားလည်ကောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ ထန်းတပင် မြို့နယ်အတွင်း၌ (၂၀-၅-၂၀၂၃)ရက်နေ့တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် တစ်စိတ် တစ်ပိုင်းပျက်စီးအိမ်ခြေ (၃၅)လုံး၊ လုံးဝပျက်စီးအိမ်ခြေ (၈)လုံး၊  စုစုပေါင်းအိမ်ခြေ (၄၃)လုံး၊ အိမ်ထောင်စု (၄၃)စု၊ လူဦးရေ (၁၈၀)ဦးနှင့် တစ်စိတ်တစ်ပိုင်းပျက်စီး ဘုန်းတော်ကြီးကျောင်း (၁)ကျောင်းတို့အတွက်  ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၃၇၈,၀၀ဝ/-)၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂,၇၀၀,၀၀ဝ/-)၊ စုစုပေါင်း ထောက်ပံ့ငွေ (၃,၀၇၈,၀၀ဝ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး အိမ်ထောင်စု (၈)စုစာတို့အားလည်းကောင်း (၂၆-၅-၂၀၂၃) ရက်နေ့၊ (၁၄:၀၀) နာရီအချိန်တွင် ထန်းတပင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ပြည်သူများ၏ လက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

Source: DDM


 

နောက်ဆုံးရသတင်းများ

စစ်ကိုင်းတိုင်းဒေသကြီး အလုပ်အကိုင်အခွင့် အလမ်းများဖန်တီးပေးရေး လုပ်ငန်းကော်မတီနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ အခြေခံစက်ချုပ်သင်တန်း ဖွင့်လှစ်ကျင်းပ
ရပ်ဝန်းနှင့် ပိုးလမ်းမနိုင်ငံများ၏ ဘေးအန္တရာယ်ကြောင့်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနှင့်အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဆိုင်ရာကောင်စီအစည်းအဝေးနှင့် ဝန်ကြီးများအဆင့်ညီလာခံ ၂၀၂၅ သို့လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းဆက်လက်တက်ရောက်ဆွေးနွေးလျက်ရှိ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသန်းစိုး ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး(UNHCR)၏မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Ms. Noriko Takagiအားလက်ခံတွေ့ဆုံ

MOS

DSW

DDM

DOR