၁၃.၃.၂၀၂၅ရက်ယနေ့မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေးသည် ရန်ကုန်တိုင်းဒေသကြီး၊ လူမှုဝန်ထမ်းရုံးမှ ညွှန်ကြားရေးမှူး ဒေါ်လဲ့ယဉ်ဝင်း၊ အထူးကုဆေးရုံကြီး၊ ကုတင်(၅၀၀) ရန်ကုန်ဆေးရုံအုပ်ကြီး ဒေါက်တာအောင်လင်းအေးနှင့် တာဝန်ရှိသူများသည် ရန်ကုန်မြို့ ဗဟိုအမျိုးသမီးဆေးရုံကြီးဝန်းအတွင်းသို့ သွားရောက်၍ မွေးကင်းစကလေးအထူးကြပ်မတ်ကုသဆောင်တွင် စောင့်ရှောက်ထားသော (၄)မြွှာပူးက‌လေးများကို သွားရောက်ကြည့်ရှု့ခဲ့ပြီး မိဘများအား လူမှုဝန်ထမ်းဦးစီးဌာနမှ ထောက်ပံ့ငွေ  ၁၀,၀၀,၀၀၀/- (ကျပ်တစ်ဆယ်သိန်းတိတိ)ကို ပေးအပ်ခဲ့ပါသည်။

(၄)မြွှာပူး မိန်းကလေး(၄)ဦးအား  ပဲခူးတိုင်းဒေသကြီး၊ သက္ကလမြို့နယ် ကျွဲထီးရိုးကျေးရွာနေ  ဦးကာဆင်+ ဒေါ်ဝင်းမာထွန်း တို့မှ ၆.၃.၂၀၂၅ရက်နေ့တွင် မွေးဖွားခဲ့ခြင်းဖြစ်ပြီး လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် ကလေးများ၏ ဘဝလုံခြုံမှုရှိစေရေးအတွက် မိဘများ အလုပ်အကိုင်ရရှိရေးကိုလည်း စီစဉ်ဆောင်ရွက်ပေးလျက်ရှိပါသည်။

နောက်ဆုံးရသတင်းများ

စစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံး၊ အစည်းအဝေးခန်းမတွင် တိုင်းဒေသကြီးကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေးဟောပြောပွဲနှင့် တိုင်း‌ဒေသကြီးအဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပခြင်း
စစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံး၊ အစည်းအဝေးခန်းမတွင် တိုင်းဒေသကြီးကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေးဟောပြောပွဲနှင့် တိုင်း‌ဒေသကြီးအဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်၊ဧရာဝတီတိုင်းဒေသကြီး၊ညောင်တုန်းမြို့နယ်တွင်မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့်မသန်စွမ်းသူများမှတ်ပုံတင်ခြင်းသင်တန်းကိုတက်ရောက်ဖွင့်လှစ်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းဧရာဝတီတိုင်းဒေသကြီး၊ရေကြည်မြို့နယ်နှင့်ကျောင်းကုန်းမြို့ယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး

MOS

DSW

DDM

DOR