လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊   မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ လေးအိမ်တန်းကျေးရွာအုပ်စု၊ လေးအိမ်တန်းကျေးရွာနှင့် မြင်းကချောင်းကျေးရွာတို့၌ (၂၆-၂-၂၀၂၅) ရက်နေ့တွင် ဖြစ်ပွားခဲ့သည့်  လေပြင်းဘေးကြောင့် လုံးဝပျက်စီးနေအိမ် (၁၈) လုံး အတွက်အိမ်ဆောက်ပစ္စည်းရန်ပုံငွေ (၁,၈၀၀,၀၀ဝိ/-)၊ တစ်စိတ်တစ်ပိုင်း ပျက်စီးနေအိမ်(၃)လုံး အတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ (၆၀,၀၀ဝိ/-)၊ အိမ်ထောင်စု(၂၁)စုမှ ဘေးသင့်ပြည်သူ (၆၉)ဦး အတွက် ဆန်ရိက္ခာဖိုးရန်ပုံငွေ (၁၄၄,၉၀၀ိ/-)၊ တန်ဖိုးငွေ(၁၀၇,၆၇၈/-)ရှိ ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး (စက္ကူပုံးပါ) (၁၈)ပုံး၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၃,၉၄၃,၁၀၄/-) အား (၂၁-၃-၂၀၂၅)ရက်နေ့ (၁၄း၀၀) နာရီအချိန်တွင် မြောင်းမြမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့်အတူ ဘေးသင့်ပြည်သူများ လက်ဝယ်သို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

Source:DDM

နောက်ဆုံးရသတင်းများ

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် စစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ မုံရွာခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ မြသလ္လာခန်းမတွင် ၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့အခမ်းအနား ကျင်းပခြင်း
ကျိုက်ထိုမြို့၊ ကံ့ကော်ရပ်ကွက်၊ ဆေးရုံလမ်းဆုံနှင့် ကျိုက်ထီးရိုးဘုရားလမ်းခွဲ (Denko ဆီဆိုင်လမ်းဆုံ)၊ ဇေယျာမွန်ရပ်ကွက်၊ တောင်သူစုရပ်ကွက်၊မြောက်ပိုင်းရပ်ကွက်၊ ကော့စံနိုင်ရပ်ကွက်တို့၌ လတ်တလောဖြစ် ပေါ်နေသည့်အားကောင်းသော မုန်တိုင်းငယ်သတိပေးချက်များနှင့်စပ်လျဉ်၍ ဆောင်ရန်/ ရှောင်ရန်များအား လှည့်လည်အသိပေးနှိုးဆော်မှုသတင်း

MOS

DSW

DDM

DOR