ပဲခူးတိုင်းဒေသကြီး(အနောက်)၊ သာယာဝတီခရိုင်အဆင့် အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးဆပ်ကော်မတီ အစည်းအဝေးကို (၁၁.၇.၂၀၂၄) ရက်၌ သာယာဝတီခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ စုစုပေါင်း(၁၄)ဦး တက်ရောက်ခဲ့ပါသည်။

အစည်းအဝေးတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်-၂က အဖွင့်အမှာစကားပြောကြားပြီး သာယာဝတီခရိုင် လူမှုဝန်ထမ်းရုံးမှ လက်ထောက်ညွှန်ကြားရေးမှူးက လူမှုဝန်ထမ်းမှဆောင်ရွက်နေသော လုပ်ငန်းကြီး (၇)ရပ်နှင့် အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးဆိုင်ရာဆပ်ကော်မတီ၏ လုပ်ငန်းစဉ်များကိုရှင်းလင်းတင်ပြခဲ့ပါသည်။ အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသည့် ကလေးအလုပ်သမားများ ဘေးအန္တရာယ်ဖြစ်စေသော လုပ်ငန်းနှင့်လုပ်ငန်းခွင်၊ ကလေးအလုပ်သမားများအပေါ် ကျူးလွန်သောပြစ်ဒဏ်များအကြောင်း ဆွေးနွေးခဲ့ကြပါသည်။

နောက်ဆုံးရသတင်းများ

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် စစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ မုံရွာခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ မြသလ္လာခန်းမတွင် ၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့အခမ်းအနား ကျင်းပခြင်း
ကျိုက်ထိုမြို့၊ ကံ့ကော်ရပ်ကွက်၊ ဆေးရုံလမ်းဆုံနှင့် ကျိုက်ထီးရိုးဘုရားလမ်းခွဲ (Denko ဆီဆိုင်လမ်းဆုံ)၊ ဇေယျာမွန်ရပ်ကွက်၊ တောင်သူစုရပ်ကွက်၊မြောက်ပိုင်းရပ်ကွက်၊ ကော့စံနိုင်ရပ်ကွက်တို့၌ လတ်တလောဖြစ် ပေါ်နေသည့်အားကောင်းသော မုန်တိုင်းငယ်သတိပေးချက်များနှင့်စပ်လျဉ်၍ ဆောင်ရန်/ ရှောင်ရန်များအား လှည့်လည်အသိပေးနှိုးဆော်မှုသတင်း

MOS

DSW

DDM

DOR