လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးနှင့် ဝါးခယ်မမြို့နယ်ဦးစီးမှူးရုံးတို့မှ တာဝန်ရှိသူများနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများပူးပေါင်း၍ (၁-၈-၂၀၂၄)ရက်နေ့တွင် မြောင်းမြမြို့နယ်၊ မြရတနာရပ်ကွက်နှင့် မြစန္ဒာရပ်ကွက်များ၌ မိုးကြိုကာလအတွင်း ဖြစ်ပွားလေ့ရှိသော ရေဘေးနှင့် မြေပြိုဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန် / ရှောင်ရန်အချက်များအား ရပ်ကွက်၊ ကျေးရွာနေ ပြည်သူများ သိရှိစေရန်အတွက် လိုက်လံနှိုးဆော်အသိပညာပေးခြင်း၊ ဗီနိုင်းပိုစတာနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းများအား ဆောင်ရွက်ခဲ့ကြပါသည်။

Source: DDM

နောက်ဆုံးရသတင်းများ

မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးမှ မော်လမြိုင်မြို့နယ်အတွင်းရှိ ပုဂ္ဂလိကမူလတန်းကြိုကျောင်းများအား အယ်လ်နီညိုနှင့် အပူဒဏ်ကာကွယ်ရေးသိကောင်းစရာများ ထပ်ဆင့်အသိပညာပေး ဟောပြောပွဲ ကျင်းပခြင်း
ဝါးခယ်မမြို့နယ်ရှိ ရေကျော်ရပ်ကွက်၊ စျေးရပ်ကွက်နှင့် ဆေးရုံရပ်ကွက်တို့၌ စူပါအယ်နီညိုဖြစ်စဉ် နှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်အချက်များကို ဟောပြောဆောင်ရွက်မှုသတင်း
မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးနှင့် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ အယ်လ်နီညို နှင့်အပူဒဏ်ကာကွယ်ရေး သိကောင်းစရာများ အသိပညာပေးဟောပြောပွဲကျင်းပခြင်း

MOS

DSW

DDM

DOR