ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းအားကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA)၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်ဖြစ်သူ Mr. Jaime Nadal Roigဦးဆောင်သောအဖွဲ့သည်ယနေ့နံနက်ပိုင်း (၁၁:၀၀) နာရီတွင်အဆိုပါဝန်ကြီးဌာန၊ဧည့်ခန်းမ၌လာရောက်တွေ့ဆုံခဲ့ပါသည်။

ထိုသို့တွေ့ဆုံရာတွင် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် UNFPA တို့အကြားလုပ်ငန်းအစီအစဉ် (Workplan) ရေးထိုးဆောင်ရွက်နိုင်ရေးနှင့် လူသားချင်းစာနာမှုလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများကိုရင်းနှီးပွင့်လင်းစွာအမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပါသည်။ တွေ့ဆုံပွဲသို့လူမှုဝန်ထမ်းဦးစီးဌာနညွှန်ကြားရေးမှူးချုပ်၊ ဘာသာရပ်ဆိုင်ရာအရာထမ်းများနှင့် UNFPA ရုံးမှ ကိုယ်စားလှယ်များပါဝင်တက်ရောက်ခဲ့ကြကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းရန်ကုန်မြို့ မသန်စွမ်းသက်ငယ်သင်တန်းကျောင်းနှင့် ကြည့်မြင်တိုင် မျက်မမြင်ကျောင်းမှကျောင်းသား၊ ကျောင်းသူများ၊ မုန်တိုင်းအန္တရာယ်နှင့် ငလျင်ဘေးအန္တရာယ် ဇာတ်တိုက်လေ့ကျင့်မှုများသို့တက်ရောက်၍ အဖွင့်အမှာစကားပြောကြား
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း၊အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ်စာစီစာကုံးပြိုင်ပွဲသို့သွားရောက်ကြည့်ရှုအားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးစိုးကြည် ကုလသမဂ္ဂအဖွဲ့အစည်းများနှင့်လူသားချင်းစာနာထောက်ထားမှုအဖွဲ့အစည်းများ၏အရေးပေါ်ကိစ္စရပ်များဆိုင်ရာညွှန်ကြားရေးမှူးများအဖွဲ့ (EDG) အားလက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးစိုးကြည် ကုလသမဂ္ဂယာယီဌာနေညှိနှိုင်းရေးမှူးနှင့်လူသားချင်းစာနာမှုဆိုင်ရာယာယီညှိနှိုင်းရေးမှူးဖြစ်သူ Mr.MarcoluigiCorsiနှင့်ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ၏အကြီးအကဲဖြစ်သူ Mr. Sajjad Mohammad Sajidတို့အားလက်ခံတွေ့ဆုံ

MOS

DSW

DDM

DOR