ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကိုလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ဇူလိုင်လ(၃)ရက်နေ့၊(၁၄:၀၀)နာရီတွင် ကျင်းပပြုလုပ်ရာအမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း၊ လုပ်ငန်းကော်မတီဒုတိယဥက္ကဋ္ဌ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဗိုလ်ချုပ်တိုးရီ၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးစိုးကြည်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်(၁)နှင့် ဘေးအန္တရာယ်စီမံခန့်ခွဲမှုလုပ်ငန်းများကိုတာဝန်ယူဆောင်ရွက်နေသည့်တိုင်းဒေသကြီး/ပြည်နယ်ဝန်ကြီးများ၊ ပြည်ထောင်စုဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့်တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးတွင် လုပ်ငန်းကော်မတီဥက္ကဌ၊ ပြည်ထောင်စုဝန်ကြီးက ပြီးခဲ့သော ဇွန်လက  ကျင်းပခဲ့သော အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဌ၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဌဦးဆောင်သည့် အမျိုးသားကော်မတီအစည်းအဝေးတွင် ရာသီကာလအလိုက် ဖြစ်ပွားနိုင်သောသဘာဝဘေးများအတွက် လုပ်ဆောင်ရမည့်စီမံခန့်ခွဲမှုလုပ်ငန်း အစီအမံများကို လမ်းညွှန်ခဲ့ပြီးဖြစ်ပါကြောင်း၊ ယနေ့လုပ်ငန်းကော်မတီအစည်းအဝေးတွင် လတ်တလောဖြစ်ပွားနေသော ကချင်ပြည်နယ်ရေကြီးရေလျှံမှုအပါအဝင်  ၊ ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်တစ်လျှောက် ဆက်စပ်ဖြစ်ပွားလာနိုင်သည့် ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများ၊ မုတ်သုန်ကာလ အတွင်း လိုအပ်သည့်ကြိုတင်ပြင်ဆင်မှုများနှင့် ပေါင်းစပ်ညှိနှိုင်းရေးဆိုင်ရာများအတွက် ညှိနှိုင်းအစည်းအဝေးခေါ်ယူခြင်းဖြစ်ကြောင်း၊ ကဏ္ဍအလိုက်ကြိုတင်စီမံထားရှိမှုများကို တင်ပြကြရန်နှင့် အချိန်နှင့်တစ်ပြေးညီ အချိတ်အဆက်မိမိဆောင်ရွက်နိုင်ရေးအတွက် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဝိုင်းဝန်းဆောင်ရွက်ကြရန်တို့ကို ပြောကြားပါသည်။ 

ယင်းနောက်လုပ်ငန်းကော်မတီဒုတိယဥက္ကဋ္ဌနှင့် ကော်မတီဝင်များကသက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးဌာန၊ အဖွဲ့အစည်းအလိုက်၊တိုင်းဒေသကြီး/ပြည်နယ်အလိုက် စီမံဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ဒေသခံပြည်သူများနှင့် အစိုးရတာဝန်ရှိသူများအကြားပေါင်းစည်းဆောင်ရွက်ရန်ကိစ္စများအားတင်ပြဆွေးနွေးခဲ့ကြပြီးမိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ကမြစ်ရေကြီးမှုအခြေအနေများအားဆွေးနွေးတင်ပြခဲ့ကာပြည်ထောင်စုဝန်ကြီးကလိုအပ်သည်များပေါင်းစပ်ညှိနှိုင်းပေးခဲ့ပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါ သည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ၏ အကြီးအကဲ Mr. Justin Bradyဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း မူးယစ်ဆေးဝါးသုံးစွဲမှုဖြတ်ပြီးသူများအတွက် စခန်းအခြေပြုပြန်လည်ထူထောင်ရေးသင်တန်းအမှတ်စဉ်(၁/၂၀၂၆)သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်း ပြည်ခရိုင်အတွင်းရှိ လူမှုဝန်ထမ်းဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန ခရိုင်ရုံးများ ကြည့်ရှုစစ်ဆေးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင် လက်နက်ကိုင်ပဋိက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသောကျူးလွန်မှုများမှ ကာကွယ်တားဆီးရေးလုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး(UNHCR) ၏မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Mr. Barnaby Jonesအားလက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သောလက်နက်ပစ္စည်းများအန္တရာယ် အသိပညာပေးခြင်းဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား

MOS

DSW

DDM

DOR