နိုင်ငံတော်အတွင်း အချိန်ကာလအလျောက်ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ်များကို ကြိုတင်တွက်ဆပြီး ကာကွယ်စောင့်ရှောက်ရေးအစီအမံများ စနစ်တကျပြုလုပ်ထားနိုင်ရေးအတွက်လည်းကောင်း၊ သဘာဝဘေးအန္တရာယ်ကျရောက် လာသည့်အခြေအနေတွင် ကယ်ဆယ်ရေးကူညီထောက်ပံ့ရေးလုပ်ငန်းများကို ထိရောက်လျင်မြန်စွာဆောင်ရွက်ပေးနိုင်ရေးအတွက်လည်းကောင်း အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ၏ (၆-၁၁-၂၀၂၃)ရက်စွဲပါအမိန့်ကြော်ငြာစာအမှတ်(၂၂၅/၂၀၂၃)ဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီအောက်ရှိလုပ်ငန်း ကော်မတီ (၁၂) ခုအနက် ပြင်ဆင်ဖွဲ့စည်းရန်လိုအပ်သည့် လုပ်ငန်းကော်မတီ (၉)ခုဖြစ်သည့်-
-အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ၊
-နိုင်ငံတကာဆက်ဆံရေးလုပ်ငန်းကော်မတီ၊
-ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းကော်မတီ၊
-ပို့ဆောင်ဆက်သွယ်ရေးလုပ်ငန်းကော်မတီ၊
-ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းကော်မတီ၊
-ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ၊
-ကနဦးလိုအပ်ချက်စစ်တမ်းကောက်ယူရေး၊ ပျက်စီးဆုံးရှုံးမှုအတည်ပြုရေးနှင့် လိုအပ်ချက်များ ဆန်းစစ်ဖော်ထုတ်ရေးလုပ်ငန်းကော်မတီ၊
-အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်ထူထောင်ရေးလုပ်ငန်းကော်မတီနှင့်
-သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းကော်မတီ တို့အား ပြည်ထောင်စုဝန်ကြီးများဝါစဉ်အရ လိုက်လျောညီထွေဖြစ်စေရန် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၏ခွင့်ပြုချက်အရ ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ (၁)ရက်နေ့တွင် ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး၏ ညွှန်ကြားချက်အရ (၉-၆-၂၀၂၅)ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၈၁/၂၀၂၅)ဖြင့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီတွင် အဖွဲ့ဝင်(၂)ဦး ထပ်မံဖြည့်စွက်ခဲ့ပါသည်။
ထို့အပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး၏ ညွှန်ကြားချက်အရ (၁၀-၆-၂၀၂၅)ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၃/၂၀၂၅)ဖြင့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီအောက်ရှိ လုပ်ငန်းကော်မတီတွင် "တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရေးလုပ်ငန်းကော်မတီ" ကို အသစ်ထပ်မံဖွဲ့စည်းခဲ့ပြီး (၁၀-၆-၂၀၂၅)ရက်စွဲပါအမိန့်ကြော်ငြာစာအမှတ် (၂/၂၀၂၅)ဖြင့် "နိုင်ငံတကာဆက်ဆံရေးလုပ်ငန်းကော်မတီ" ကို "နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းကော်မတီ" ဟု ကော်မတီအမည်ပြင်ဆင်ခဲ့ပါသည်။
ထို့နောက် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး၏ (၁၃/၈/၂၀၂၅)ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၅၀/၂၀၂၅) ဖြင့် " အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ" ကို ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။
"အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ" ၏အောက်တွင် လုပ်ငန်းကော်မတီ (၁၃) ခု ဖွဲ့စည်းထားရှိမှုအား အောက်ပါ Link များတွင် ဝင်ရောက်ဖတ်ရှုလေ့လာနိုင်ပါသည်-
“ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းကော်မတီ”
“ပို့ဆောင်ဆက်သွယ်ရေးလုပ်ငန်းကော်မတီ”
“သတင်းနှင့် ပြန်ကြားရေးလုပ်ငန်းကော်မတီ”
“ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းကော်မတီ”
“ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ”
“ကနဦးလိုအပ်ချက်စစ်တမ်းကောက်ယူရေး၊ပျက်စီးဆုံးရှုံးမှုအတည်ပြုရေးနှင့်လိုအပ်ချက်များ ဆန်းစစ်ဖော်ထုတ်ရေးလုပ်ငန်းကော်မတီ”
“အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်ထူထောင်ရေး လုပ်ငန်းကော်မတီ”
“သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းကော်မတီ”
"တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရေးလုပ်ငန်းကော်မတီ"