ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ အလယ်စုကျေးရွာနှင့်ကွင်းစုကျေးရွာများ၌ အသိပညာပေးဆောင်ရွက် မှုူသတင်း
                                  
                                    ၁၈ ဩဂုတ် ၂၀၂၄                                   
                                  
                                 
                               
                             
                            လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင် ဦးစီးမှူးရုံးနှင့် ဝါးခယ်မမြို့နယ်ဦးစီးမှူးရုံးတို့မှ
တာဝန်ရှိသူများသည် (၁၈-၈-၂၀၂၄) ရက်နေ့တွင် ဝါးခယ်မမြို့နယ်၊ အလယ်စု ကျေးရွာနှင့်ကွင်းစုကျေးရွာများ၌
မိုးကြိုကာလအတွင်း ဖြစ်ပွားလေ့ရှိသော ရေဘေးနှင့် မြေပြိုဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်/
ရှောင်ရန်အချက်များအား ရပ်ကွက်၊ ကျေးရွာနေပြည်သူများသိရှိစေရန် လိုက်လံနှိုးဆော် အသိပညာပေးခြင်း၊
ဗီနိုင်းပိုစတာနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းများအား ဆောင်ရွက်ခဲ့ပါသည်။
Source:  DDM