ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်​ရေးနှင့် ပြန်လည်​နေရာချထား​ရေးဝန်ကြီးဌာန၊ ​ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပုသိမ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၈-၂၀၂၂) ရက်​နေ့တွင် မိုးသည်းထန်စွာရွာသွန်းပြီး ​တောင်ကျ​​ချောင်း​ရေများဝင်​ရောက်မှု​ကြောင့် ပုသိမ်မြို့နယ်၊ ​​ရွှေ​သောင်ယံမြို့၊ မကျီးဇင်​ကျေးရွာအုပ်စု၊ မကျီးဇင်ဖျား​ကျေးရွာရှိ ​ရေနစ်မြုပ်အိမ်​ထောင်စု(၄၀)စုမှ ​ရေ​ဘေးသင့်ပြည်သူ(၁၃၇)ဦးအတွက် (၇)ရက်စာဆန်ရိက္ခာဖိုး​ထောက်ပံ့​ငွေကျပ်(၂၈၇,၇၀၀)တိတိနှင့် ကာ​ဘော်လိပ်ဆပ်ပြာ(၄၀)​တောင့်တို့အား (၂၀-၈-၂၀၂၂) ရက်​နေ့တွင် ​ဘေးသင့်ပြည်သူများလက်ဝယ်အ​ရောက် ​သွားရောက်ထောက်ပံ့​ပေးအပ်ခဲ့ပါ​သည်။

Source: DDM

နောက်ဆုံးရသတင်းများ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ တပ်ကုန်းမြို့နယ်တွင် မန္တလေးငလျင်ကြီးလှုပ်ခတ်မှု (၁)နှစ်ပြည့်အကြိုအသိပညာပေး‌ဟောပြောမှုနှင့် ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ လွှပုံကျေးရွာ အုပ်စု၊‌ လွှပုံကျေးရွာ၌ လေဘေးထောက်ပံ့မှုသတင်း
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊‌ သရက်တောကျေးရွာအုပ်စု၊‌‌ ပိုးစာ တောကျေးရွာတွင် လေပြင်းဘေးဒဏ်ခံနိုင်ရေးအတွက် အားဖြည့်မွမ်းမံပြင်ဆင်ဆောင်ရွက်မှု နှင့် အသိပညာပေး‌ဟောပြောမှုသတင်း

MOS

DSW

DDM

DOR