ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း


 ဇလွန်မြို့နယ်အတွင်း (၆-၅-၂၀၂၁) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေးဘေးကြောင့် ရပ်ကွက် (၃)ခု၊ အုပ်စု (၁၄) စု၊ ပကွဲ၊ ကျံခမွန်၊ ယင်းမလွတ်၊ မဟာသာ၊ သက္ကယ်ကျွန်း၊ ဒေါင့်ကြီး၊ ထုံးတပို၊ ပတ်တန်း၊ နန်းတော်ကျွန်း၊ တောင်ပို့တစ်ရာ၊ ကျုံတနော်တောင်၊ အိုးဘို၊ သဲကုန်း၊ ဖားလက်ခို၊ ကျေးရွာခွဲ (၃၁) ရွာတို့တွင် ပြိုကျပျက်စီးအိမ်ခြေ (သစ်-၂၊ ဝါး-၂၉) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃,၃၀၀,၀၀၀)ကျပ်၊ တစ်စိတ်တစ်ပိုင်းပျက်စီးအိမ်ခြေ (၁၀၀) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂,၁၁၅,၀၀၀)ကျပ်၊ လူဦးရေစုစုပေါင်း (၅၁၃) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၁,၀၇၇,၃၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၆,၄၉၂,၃၀၀)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုးပါ (၃၁) အိမ်ထောင်စုစာ စုစုပေါင်းတန်ဖိုးငွေ (၁,၅၂၀,၁၁၆)ကျပ် တို့ကို (၁၁-၅-၂၀၂၁) ရက်နေ့ (၁၂:၃၀) အချိန်တွင် ဇလွန်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဘေးသင့်ပြည်သူထံသို့ လက်ဝယ်အရောက်သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါသည်။
Source: EOC

နောက်ဆုံးရသတင်းများ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ တပ်ကုန်းမြို့နယ်တွင် မန္တလေးငလျင်ကြီးလှုပ်ခတ်မှု (၁)နှစ်ပြည့်အကြိုအသိပညာပေး‌ဟောပြောမှုနှင့် ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ လွှပုံကျေးရွာ အုပ်စု၊‌ လွှပုံကျေးရွာ၌ လေဘေးထောက်ပံ့မှုသတင်း
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊‌ သရက်တောကျေးရွာအုပ်စု၊‌‌ ပိုးစာ တောကျေးရွာတွင် လေပြင်းဘေးဒဏ်ခံနိုင်ရေးအတွက် အားဖြည့်မွမ်းမံပြင်ဆင်ဆောင်ရွက်မှု နှင့် အသိပညာပေး‌ဟောပြောမှုသတင်း

MOS

DSW

DDM

DOR