ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၌ ဖြစ်ပွားသော ရေဘေးအတွက် ထောက်ပံ့မှုသတင်း
                                  
                                    ၂၆ ဩဂုတ် ၂၀၂၄                                   
                                  
                                 
                               
                             
                            
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊
 ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေကြည်မြို့နယ်ဦးစီးမှူးရုံးမှ
တာဝန်ရှိသူများသည်  ရေကြည်မြို့နယ်၊ နှောကုန်းကျေးရွာအုပ်စု၊
နှောကုန်းကျေးရွာတွင် (၃၁-၇-၂၀၂၄)ရက်နေ့တွင် ဖြစ်ပွားသောရေဘေးကြောင့် လုံးဝပျက်စီးနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၁၀၀၀၀၀/-)၊ အိမ်ထောင်စု(၁)စုမှ စုစုပေါင်းလူဦးရေ(၃)ဦးအတွက်
ဆန်ရိက္ခာရန်ပုံငွေ(၆၃၀၀/-)၊  ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးပါ(၁)အိမ်ထောင်စာ(၁၃၅၀၃၈/-)နှင့်
စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ(၁၀၆၃၀၀ိ/-)ကို (၂၁-၈-၂၀၂၄)ရက်နေ့ (၁၀:၀၀)နာရီအချိန်တွင်
တာဝန်ရှိသူများရှေ့မှောက်၌ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါသည်။
 Source:  DDM