ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ ဘုရားချောင်းရပ်ကွက်၊ မုဆိုးကွင်းကျေးရွာ၌ အသိပညာပေး ဆောင်ရွက်မှုသတင်း
                                  
                                    ၀၅ ဩဂုတ် ၂၀၂၄                                   
                                  
                                 
                               
                             
                            
လူမှု၀န်ထမ်း၊
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊
မြောင်းမြခရိုင် ဦးစီးမှူးရုံးနှင့် ဝါးခယ်မမြို့နယ်ဦးစီးမှူးရုံးတို့မှ
တာဝန်ရှိသူများသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာနမှ
တာဝန်ရှိသူများနှင့်ပူးပေါင်း၍ (၅-၈-၂၀၂၄)ရက်နေ့တွင် မြောင်းမြမြို့နယ်၊ ဘုရားချောင်းရပ်ကွက်၊မုဆိုးကွင်းကျေးရွာ၌ မိုးကြိုကာလအတွင်း ဖြစ်ပွားလေ့ရှိသော ရေဘေးနှင့် မြေပြိုဘေးအန္တရာယ်ဆိုင်ရာ
ဆောင်ရန် / ရှောင်ရန်အချက်များအား ရပ်ကွက်၊ ကျေးရွာနေပြည်သူများ သိရှိစေရန် လိုက်လံနှိုးဆော်အသိပညာပေးခြင်း၊
ဗီနိုင်းပိုစတာနှင့် လက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်းများအား ဆောင်ရွက်ခဲ့ပါသည်။ 
Source:  DDM