ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ရေကြည်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့်ပူးပေါင်း၍ ရေကြည်မြို့နယ်၊ငါးသိုင်းချောင်းမြို့၊မိဿလင်ကျေးရွာအုပ်စု၊ မိဿလင်ကျေးရွာတွင် (၅-၃-၂၀၂၄)ရက်နေ့တွင် ဖြစ်ပွားသော မီးဘေးကြောင့် လုံးဝပျက်စီးနေအိမ်(၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၂၀၀၀၀၀/-)၊ အိမ်ထောင်စု(၂)စုမှ စုစုပေါင်းလူဦးရေ (၅)ဦးအတွက် ဆန်ရိက္ခာ (၇)ရက်စာရန်ပုံငွေ (၁၀၅၀၀/-)ကျပ်၊  ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးပါ(၂) အိမ်ထောင်စာ(၉၂၀၇၂/-)နှင့် စုစုပေါင်း ကယ်ဆယ်ရေးရန်ပုံငွေ (၂၁၀၅၀၀/-)ကျပ်အား (၇-၃-၂၀၂၄)ရက်နေ့ (၁၁း၃၀)နာရီအချိန်တွင် တာဝန်ရှိသူများရှေ့မှောက်၌ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါသည်။


Source:  DDM

နောက်ဆုံးရသတင်းများ

ဘားအံမြို့၊ အိန္ဒုဈေး၊ အိန္ဒုကျေးရွာ၊ ခလောက်နို့ကျေးရွာ၊ လှာကဒေါင်ကျေးရွာ၊ နောင်လုံ (အရှေ့၊ ‌အနောက်) ကျေးရွာနှင့် ကော့ကသောင်ကျေးရွာတို့တွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
ဘားအံမြို့၊ ထုံးအိုင်ဈေး၊ ထုံးအိုင်စံပြကျေးရွာ၊ ကော့ကျိုက်ကျေးရွာ၊ တရုတ်လှစံပြကျေးရွာ၊ ဝါးဆူးကျေးရွာနှင့် ဝင်းကျန်ကျေးရွာများတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
နေပြည်တော်၊ ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့နယ်၊ မိုးစွေကျေးရွာအုပ်စု၊ လွင်သာယာကျေးရွာ၊ မင်းကုန်း ကျေးရွာအုပ်စု၊ ဆည်ကန်အနောက်ကျေးရွာတွင် ဖြစ်ပွားခဲ့သော လေဘေးအတွက် ထောက်ပံ့မှုသတင်း

MOS

DSW

DDM

DOR