ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး(သန်လျင်)မှ တာဝန်ရှိသူများသည် ၂၈-၅-၂၀၂၅ ရက်နေ့၊ (၁၂:၄၅) နာရီအချိန်၌ တွံတေးခရိုင်၊ တွံတေးမြို့နယ်၊ ကံရွာကျေးရွာအုပ်စု၊ ကံရွာကျေးရွာနှင့် ကုလားသုံးတန်သုံးအိမ်ကျေးရွာအုပ်စု၊ ကုလားတန်းကျေးရွာတွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် လုံးဝပျက်စီးအိမ်ခြေ(၂)လုံး၊ တစ်စိတ်တစ်ပိုင်း အိမ်ခြေ(၁)လုံး၊ စုစုပေါင်း အိမ်ခြေ(၃)လုံး၊ အိမ်ထောင်စု(၃)စု၊ လူဦး‌ရေ(၁၁)ဦးတို့ လေဘေးသင့်ခဲ့ပါသဖြင့် အဆိုပါလေဘေးသင့်ပြည်သူများအတွက် လူဦးရေ(၁၁)ဦးအတွက် ဆန်ရိက္ခာဖိုး (၅၅၀၀ဝ/-)၊ အိမ်ဆောက်ပစ္စည်းဖိုး (၃၅၀၀၀ဝ/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၄၀၅၀၀ဝ/-)နှင့်  အိမ်ထောင်စု(၂)စုအတွက် (၂၁၆၀၁၂/-) တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး၊ (၂) အိမ်ထောင်စုစာတို့အား  ၃-၆-၂၀၂၅ ရက်နေ့၊  (၁၁:၃၀) နာရီအချိန်တွင် တွံတေးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်သို့ သွားရောက်ထောက်ပံ့ခဲ့ပါသည်။


Source: DDM

နောက်ဆုံးရသတင်းများ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ တပ်ကုန်းမြို့နယ်တွင် မန္တလေးငလျင်ကြီးလှုပ်ခတ်မှု (၁)နှစ်ပြည့်အကြိုအသိပညာပေး‌ဟောပြောမှုနှင့် ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ လွှပုံကျေးရွာ အုပ်စု၊‌ လွှပုံကျေးရွာ၌ လေဘေးထောက်ပံ့မှုသတင်း
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊‌ သရက်တောကျေးရွာအုပ်စု၊‌‌ ပိုးစာ တောကျေးရွာတွင် လေပြင်းဘေးဒဏ်ခံနိုင်ရေးအတွက် အားဖြည့်မွမ်းမံပြင်ဆင်ဆောင်ရွက်မှု နှင့် အသိပညာပေး‌ဟောပြောမှုသတင်း

MOS

DSW

DDM

DOR