ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ မန်းကျိုးကျေးရွာအုပ်စု၊ ထုံးမကြီးကျေးရွာတွင် (၂၇-၈-၂၀၂၁)ရက်နေ့၌ အိမ်ထောင်စု (၁၀၀)စုမှ ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် နွား (၃၂၀)ကောင်၊ ကျွဲ (၂၀)ကောင်၊ ဝက်(၁၅)ကောင် စုစုပေါင်း (၃၅၅)ကောင်တို့ ပြောင်းရွှေ့ရာတွင် အဆိုပါတိရိစ္ဆာန်များ ထိန်းကျောင်းရန်အတွက် အိမ်ထောင်စု (၁၀၀)စုမှ လူဦးရေ (၉၆)ဦးတို့အတွက် ဆန်ရိက္ခာဖိုး (၂၀၁,၆၀၀ိ/-)နှင့် Mask (၁၀၀)ခုတို့အား (၂၇-၈-၂၀၂၁)ရက်နေ့ (၁၃း၀၀)နာရီအချိန်တွင် မင်းဘူးခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဌ ဦးထွန်းထွန်းဝင်း၊ အဖွဲ့ဝင်များနှင့်အတူ ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

နောက်ဆုံးရသတင်းများ

မြောင်းမြမြို့နယ်၊ အမှတ် (၂) ရပ်ကွက်၊ အမှတ် (၄) ရပ်ကွက်၊ အမှတ် (၅) ရပ်ကွက်၊ အမှတ်(၆)ရပ်ကွက်၊ အမှတ်(၇)ရပ်ကွက်၊ အမှတ်(၈)ရပ်ကွက်နှင့် အမှတ်(၁၀)ရပ်ကွက်များတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း

MOS

DSW

DDM

DOR