ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးခရိုင်၊ လယ်ဝေးမြို့နယ်၊ ညိုပင်ကျေးရွာအုပ်စု၊ သုံးတန်ကူးကျေးရွာ၌ ကမ်းပြိုဘေးထောက်ပံ့မှုသတင်း
                                  
                                    ၀၄ ဩဂုတ် ၂၀၂၄                                   
                                  
                                 
                               
                             
                            လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တိုင်းဦးစီးမှူးနှင့်တာဝန်ရှိသူများသည် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးခရိုင်၊ လယ်ဝေးမြို့နယ်၊ ညိုပင်ကျေးရွာအုပ်စု၊ သုံးတန်ကူးကျေးရွာ၌ (၁.၈.၂၀၂၄)ရက်နေ့၊ (၁၂:၀၀)နာရီအချိန်တွင်ဖြစ်ပွားခဲ့သော  ကမ်းပြိုဘေးကြောင့်ပျက်စီးခဲ့သည့် နေအိမ်(၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀ဝ/-)၊ ဘေးသင့်လူဦးရေ
(၄)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၈,၄၀ဝ/-)၊စုစုပေါင်းထောက်ပံ့ငွေ (၂၀၈,၄၀၀/-)တို့အား နေပြည်တော်ကောင်စီဝင်၊ ဦးမြင့်စိုးနှင့်အတူ (၁-၈-၂၀၂၄)ရက်နေ့၊ နံနက်(၁၂:၀၀) အချိန်တွင်  ဘေးသင့်ပြည်သူများလက်ဝယ်သို့ သွားရောက်ထောက်ပံပေးအပ်ခဲ့ပါသည်။
Source:
DDM