ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊‌ မိုးစွေကျေးရွာ အုပ်စု၊‌‌ (မိုးစွေ၊ လဲဝန်း၊ လွင်သာယာ)ကျေးရွာများတွင် လေပြင်းဘေးဒဏ်ခံနိုင်ရေးအတွက် အားဖြည့်မွမ်းမံပြင်ဆင်နိုင်ရန် အိမ်ထောင်စု(၁၀၀)လုံးအား ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများမှ အိမ်ထောင်စုအလိုက် လိုအပ်သည့် ထောက်ပံ့ပစ္စည်းများအား(၂၁.၃.၂၀၂၆)ရက်နေ့၊ (၁၀း၀၀)အချိန်တွင် ပြည်သူများလက်ဝယ်သို့ သွားရောက်ထောက်ပံ့ခဲ့ပြီး နေ့လည် (၁၁:၀၀)အချိန်မှ (၁၂:၃၀)အချိန်ထိ မိုးစွေကျေးရွာ အုပ်စု၊ လွင်သာယာကျေးရွာတွင် ကျေးရွာသူ/သား (၃၀)ဦးတို့အား ရာသီအလိုက် ဖြစ်ပွားတတ်သော သဘာဝဘေး အန္တရာယ်များနှင့်ပတ်သတ်၍ ဆောင်ရန်/ရှောင်ရန်အချက်များအသိပညာပေးဟောပြောပွဲဆောင်ရွက်ခဲ့ပါသည်။

Source: DDM

နောက်ဆုံးရသတင်းများ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ တပ်ကုန်းမြို့နယ်တွင် မန္တလေးငလျင်ကြီးလှုပ်ခတ်မှု (၁)နှစ်ပြည့်အကြိုအသိပညာပေး‌ဟောပြောမှုနှင့် ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ လွှပုံကျေးရွာ အုပ်စု၊‌ လွှပုံကျေးရွာ၌ လေဘေးထောက်ပံ့မှုသတင်း
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊‌ သရက်တောကျေးရွာအုပ်စု၊‌‌ ပိုးစာ တောကျေးရွာတွင် လေပြင်းဘေးဒဏ်ခံနိုင်ရေးအတွက် အားဖြည့်မွမ်းမံပြင်ဆင်ဆောင်ရွက်မှု နှင့် အသိပညာပေး‌ဟောပြောမှုသတင်း

MOS

DSW

DDM

DOR