ပုသိမ်ခရိုင်၊ ငပုတောမြို့၊ တောင်ပိုင်းရပ်ကွက်၊ မဥ္ဇူလမ်း မီးဘေးထောက်ပံ့ပြီးစီးမှုသတင်း ၀၇ မတ် ၂၀၂၄ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာ၀တီတိုင်းဒေသကြီးဦးစီးမှူးရုံးနှင့် ပုသိမ်ခရိုင်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် ပုသိမ်ခရိုင်၊ ငပုတောမြို့၊ တောင်ပိုင်းရပ်ကွက်၊ မဥ္ဇူလမ်းတွင် (၆.၃.၂၀၂၄)ရက်နေ့၊ (၁၇း၃၅)နာရီအချိန်၌ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီးလောင်ပျက်စီးခဲ့သောနေအိမ်(၁၀)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁,၄၀၀,၀၀ဝိ/-)၊ ဘေးသင့်လူဦးရေ(၂၈)ဦးအတွက် (၇)ရက်စာဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၅၈,၈၀ဝိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ(၁,၄၅၈,၈၀ဝိ/-)နှင့် ထောက်ပံ့ငွေ (၅၅၃,၂၁၆/-) တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးပါ (၁၀)အိမ်ထောင်စာ ၊ အလှူပစ္စည်း JICA စောင်(၁၀)ထည်နှင့် အိပ်ယာခင်း(၁၀)ခု၊ UNICEF တာပေါ်လင် (၁၀)လိပ်နှင့် ကာဘော်လိပ်ဆပ်ပြာ(၂၀)တောင့်တို့အား (၇.၃.၂၀၂၄)ရက်နေ့၊ (၁၂း၁၀)နာရီအချိန်တွင် သက်ဆိုင်ရာတာ၀န်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများထံသို့ လက်၀ယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါသည်။Source: DDM
သထုံခရိုင်၊ စျေးမသွယ်အထက်ကျေးရွာနှင့် စျေးမသွယ်အောက်ကျေးရွာတို့၌ သဘာဝဘေးအသိပညာပေးဆောင်ရွက်မှုသတင်း ၂၀ မေ ၂၀၂၄
ဘားအံမြို့၊ အိန္ဒုဈေး၊ အိန္ဒုကျေးရွာ၊ ခလောက်နို့ကျေးရွာ၊ လှာကဒေါင်ကျေးရွာ၊ နောင်လုံ (အရှေ့၊ အနောက်) ကျေးရွာနှင့် ကော့ကသောင်ကျေးရွာတို့တွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း ၂၀ မေ ၂၀၂၄
ဘားအံမြို့၊ ထုံးအိုင်ဈေး၊ ထုံးအိုင်စံပြကျေးရွာ၊ ကော့ကျိုက်ကျေးရွာ၊ တရုတ်လှစံပြကျေးရွာ၊ ဝါးဆူးကျေးရွာနှင့် ဝင်းကျန်ကျေးရွာများတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း ၂၀ မေ ၂၀၂၄
ဟင်္သာတမြို့၊ မြို့ပေါ်ရပ်ကွက်နှင့် နိဗ္ဗာန်ကျေးရွာအုပ်စုတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း ၁၉ မေ ၂၀၂၄
နေပြည်တော်၊ ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့နယ်၊ မိုးစွေကျေးရွာအုပ်စု၊ လွင်သာယာကျေးရွာ၊ မင်းကုန်း ကျေးရွာအုပ်စု၊ ဆည်ကန်အနောက်ကျေးရွာတွင် ဖြစ်ပွားခဲ့သော လေဘေးအတွက် ထောက်ပံ့မှုသတင်း ၁၈ မေ ၂၀၂၄
နေပြည်တော်၊ ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ သပြေစမ်းကျေးရွာအုပ်စု၊ သပြေစမ်းကျေးရွာတွင် ဖြစ်ပွား ခဲ့သော လေဘေးအတွက်ထောက်ပံ့မှုသတင်း ၁၈ မေ ၂၀၂၄