ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြောင်းမြခရိုင်၊ မြောင်းမြ မြို့နယ်၊ အမှတ်(၄)ရပ်ကွက်၊ ဦးဘချိုလမ်း၌ (၂၁-၃-၂၀၂၄)ရက်နေ့တွင် မီးလောင်ကျွမ်းမှု ကြောင့် လုံးဝပျက်စီးနေအိမ် အုတ်ညှပ်(၂)ထပ်တိုက်(၁)လုံး၊ အိမ်ထောင်စု(၁)စုမှ လူဦးရေ(၂)ဦး တို့ အတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ(၂၀၀၀၀၀ိ/-)၊ လူဦးရေ (၂)ဦးအတွက် ဆန်ရိက္ခာ ရန်ပုံ ငွေ (၄၂၀၀ိ/-)၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၂၀၄၂၀၀ိ/-)တို့အား (၂၁-၃-၂၀၂၄)ရက်နေ့၊ (၁၈:၃၀)အချိန်တွင်လည်ကောင်း  မီးလောင်ကျွမ်းမှုကြောင့် ထောက်ပံ့ရန် ကျန်ရှိသော စျေးဆိုင် ဖွင့်ထားသည့် မီးဘေးသင့်နေအိမ်တွင် နေထိုင်သည့်မိသားစုဝင်(၃)ဦးအတွက် ဆန်ရိက္ခာ ရန်ပုံငွေ(၆၃၀၀ိ-)အား (၂၆-၃-၂၀၂၄)ရက်နေ့၊ (၁၆:၀၀) အချိန်တွင် မြောင်းမြမြို့၊ အမှတ်(၄) ရပ်ကွက်၊ဦးဘချိုလမ်းရှိ မီးဘေးသင့်ပြည်သူများလက်ဝယ်သို့  သွားရောက်ထောက်ပံ့ပေးခဲ့ပါ သည်။

 

Source:  DDM


နောက်ဆုံးရသတင်းများ

မြောင်းမြမြို့နယ်၊ မြစိမ်းရောင်ကျေးရွာနှင့် နန်းတော်ဦးကျေးရွာတို့၌ မိုးကြိုကာလအတွင်း ဖြစ်ပွားလေ့ရှိ သော လေပြင်းဘေးနှင့် မိုးကြိုးဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်/‌ရှောင်ရန် အချက်များအား အသိပညာ ပေးမှုသတင်း
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးခရိုင်၊ ဒက္ခိဏသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုသင်တန်း(မြို့နယ်အဆင့်)အမှတ်စဉ် (၄/၂၀၂၄) ဖွင့်လှစ်မှုသတင်း
ဥတ္တရသီရိမြို့နယ်အတွင်းရှိ ရွှေနံ့သာစျေး၊ ရွှေနံ့သာရပ်ကွက်၊ ငန်းစပ်၊ မောင်းရမ်း၊ သဲကုန်း၊ မင်းကုန်း၊ ကျွဲရှင်း၊ မအူလေးပင်နှင့် ဆည်ကန်ကျေးရွာများတွင် သဘာဝဘေးအသိပညာပေးဟောပြောပွဲ ဆောင်ရွက်မှုသတင်း

MOS

DSW

DDM

DOR