ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊   မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ လေးအိမ်တန်းကျေးရွာအုပ်စု၊ လေးအိမ်တန်းကျေးရွာနှင့် မြင်းကချောင်းကျေးရွာတို့၌ (၂၆-၂-၂၀၂၅) ရက်နေ့တွင် ဖြစ်ပွားခဲ့သည့်  လေပြင်းဘေးကြောင့် လုံးဝပျက်စီးနေအိမ် (၁၈) လုံး အတွက်အိမ်ဆောက်ပစ္စည်းရန်ပုံငွေ (၁,၈၀၀,၀၀ဝိ/-)၊ တစ်စိတ်တစ်ပိုင်း ပျက်စီးနေအိမ်(၃)လုံး အတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ (၆၀,၀၀ဝိ/-)၊ အိမ်ထောင်စု(၂၁)စုမှ ဘေးသင့်ပြည်သူ (၆၉)ဦး အတွက် ဆန်ရိက္ခာဖိုးရန်ပုံငွေ (၁၄၄,၉၀၀ိ/-)၊ တန်ဖိုးငွေ(၁၀၇,၆၇၈/-)ရှိ ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး (စက္ကူပုံးပါ) (၁၈)ပုံး၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၃,၉၄၃,၁၀၄/-) အား (၂၁-၃-၂၀၂၅)ရက်နေ့ (၁၄း၀၀) နာရီအချိန်တွင် မြောင်းမြမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့်အတူ ဘေးသင့်ပြည်သူများ လက်ဝယ်သို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

Source:DDM

နောက်ဆုံးရသတင်းများ

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ ကြာကန်ကျေးရွာအုပ်စု၊ ကြာကန်ကျေးရွာ၊ကွင်းအမှတ်(၆၃၄-စီ)၊ ရေကျော်တောင်ကွင်း၌ ဖြစ်ပွားသော လေဘေးအတွက် ထောက်ပံ့မှုသတင်း
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ လေးအိမ်တန်းကျေးရွာအုပ်စု၊ လေးအိမ်တန်း ကျေးရွာနှင့် မြင်းကချောင်းကျေးရွာ၌ လေပြင်းဘေးထောက်ပံ့ပြီးစီးမှု သတင်း

MOS

DSW

DDM

DOR