ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း


မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ် ဖြူဘကျေးရွာအုပ်စု အကွက်(၅)နယ်မြေတွင်  (၆-၅-၂၀၂၁) ရက်နေ့(၁၃:၀၀)နာရီ   အချိန်ခန့်၌ လေပြင်းတိုက်ခတ် မှုကြောင့် အမိုးလန်ခဲ့သည့်လူနေအိမ်(၁)လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ (၉၀,၀၀ဝ) ကျပ် နှင့်လူဦးရေ စုစုပေါင်း(၄)ဦးတို့အတွက်  (၇) ရက်စာဆန် ရိက္ခာဖိုးထောက်ပံ့ငွေ (၈,၄၀ဝ) ကျပ်၊ စုစုပေါင်းထောက် ပံ့ငွေ (၉၈,၄၀ဝ)ကျပ်အား (၇-၅-၂၀၂၁) ရက်နေ့ (၁၆:၀၀) နာရီအချိန်ခန့်တွင်  ဖြူဘကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများက ဘေးသင့် ပြည်သူများထံလက်ဝယ်အရောက် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

နောက်ဆုံးရသတင်းများ

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ ကြာကန်ကျေးရွာအုပ်စု၊ ကြာကန်ကျေးရွာ၊ကွင်းအမှတ်(၆၃၄-စီ)၊ ရေကျော်တောင်ကွင်း၌ ဖြစ်ပွားသော လေဘေးအတွက် ထောက်ပံ့မှုသတင်း
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ လေးအိမ်တန်းကျေးရွာအုပ်စု၊ လေးအိမ်တန်း ကျေးရွာနှင့် မြင်းကချောင်းကျေးရွာ၌ လေပြင်းဘေးထောက်ပံ့ပြီးစီးမှု သတင်း

MOS

DSW

DDM

DOR