အမှတ်စဉ်(၈)စက်ချုပ်နှင့်မုန့်မျိုးစုံသင်တန်းဆင်းပွဲအခမ်းအနားကို မတ်လ(၃၁)ရက်နေ့၊ နံနက်(၉:၀၀)နာရီတွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

      အခမ်းအနားတွင်တိုင်းဒေသကြီးဦးစီးမှူးမှ အိမ်တွင်းမှုအသက်မွေးဝမ်းကျောင်းပညာများကို ဖွင့်လှစ်ပေးခြင်းဖြင့်အမျိုးသမီးများ ကိုယ်ပိုင်ဝင်ငွေရရှိခြင်း၊ အလုပ်အကိုင်ရရှိခြင်း၊ မိမိကိုယ်ကို ယုံကြည်မှုမြင့်မားလာခြင်း၊ ဆင်းရဲမှုလျှော့ချခြင်းနှင့် လူမှုစီးပွားဘဝမြင့်တက်လာခြင်းစသည့် အကျိုးကျေးဇူးများရရှိသည့်အပြင် အမျိုးသမီးများ၏ စွမ်းဆောင်ရည်များမြင့်မားလာကာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများကိုလည်း လျော့ကျမှုကို အထောက်အပံ့ဖြစ်စေကြောင်း၊ ယခုသင်တန်းကရရှိသော ပညာရပ်များကိုအမျိုးသမီးများ၏ဘဝရပ်တည်မှု၊ ကိုယ်ပိုင်ဝင်ငွေ၊ မိသားစုဝင်ငွေများကို တစ်ပိုင်တစ်နိုင်ရရှိနိုင်ပြီး အလုပ်အကိုင်အခွင့်အလမ်းရှာဖွေနေသူများအတွက်လည်း များစွာအထောက်အကူပြုမည်ဟုယုံကြည်ကြောင်း၊ သင်တန်းသူများအနေဖြင့် သင်တန်းကရရှိသောပညာရပ်များကို မိမိကိုယ်တိုင်၊ မိသားစုနှင့်ပတ်ဝန်းကျင်အတွက်ပါ အကျိုးရှိစွာပြန်လည်အသုံးချသွားကြရန်လိုအပ်ကြောင်းပြောကြားခဲ့ပါသည်။

      ထို့နောက် အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း၊ ကျောင်းအုပ်မှ ဒေသခံအမျိုးသမီးများ အလုပ်အကိုင်အခွင့်အလမ်းများရရှိရန်၊ အမျိုးသမီးများ အသက်မွေးဝမ်းကျောင်းပညာများရရှိခြင်းဖြင့် မိမိကိုယ်မိမိရပ်တည်နိုင်ရန်နှင့် တဖက်တလမ်းမှဝင်ငွေများရရှိစေရန်၊ နိုင်ငံတော်ကုန်ထုတ်စွမ်းအား ပိုမိုမြင့်မားစေရန်နှင့် အမျိုးသမီးများဘဝပိုမိုဖွံ့ဖြိုးတိုးတက်စေရန်စသည့် ရည်ရွက်ချက်ဖြင့် ဖွင့်လှစ်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

       ဆက်လက်၍ဌာနဆိုင်ရာတာဝန်ရှိသူများက သင်တန်းသူများအား သင်တန်းဆင်း လက်မှတ်ပေးအပ်ပြီး သင်တန်းသူများကိုယ်စား သင်တန်းသူ ဒေါ်ဇာနီစိုးက ကျေးဇူးတင်စကားပြောကြားကာ တက်ရောက်လာကြသူများက သင်တန်းသူများ ချုပ်လုပ်ထားသော ဝတ်စုံများအား လိုက်လံကြည့်ရှု့အားပေးခဲ့ကြပါသည်။


နောက်ဆုံးရသတင်းများ

အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေး လုပ်ငန်းကော်မတီက ကြီးမှူးဖွင့်လှစ်သော စွန့်ပစ်ပစ္စည်းများဖြင့် သင်ထောက်ကူပစ္စည်း ပြုလုပ်ခြင်းသင်တန်း ဖွင့်လှစ်
ညောင်လေးပင်ခရိုင် အမျိုးသမီးကော်မတီဝင်များအား ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲကျင်းပ
ကရင်ပြည်နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီနှင့် အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေး လုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
ကယားပြည်နယ်အတွင်းရှိ ထိခိုက်လွယ်အုပ်စုဝင်များဖြစ်သည့် အသက် (၇၀) နှစ်နှင့်အထက် သက်ကြီးပုဂ္ဂိုလ်များ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသည့် အသက်(၅) နှစ်အောက်ကလေးများ၊ မသန်စွမ်းသူများအား ချီးမြှင့်ငွေပေးအပ်ခြင်းအခမ်းအနား
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ချင်းတွင်းခန်းမတွင် စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးက ဖွင့်လှစ်သည့် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ (အခြေခံ) သင်တန်းဆင်းပွဲကျင်းပ
ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး ဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက် အကောင်အထည်ဖော်မှုနှင့် တိုင်ကြားမှု ယန္တရားများအကြောင်းနှင့် ကျား/မအခြေပြု အကြမ်းဖက်မှုဆိုင်ရာ အကြောင်းအရာများအား အသိပညာပေး ဟောပြောပွဲ

MOS

DSW

DDM

DOR