တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့တော်ခန်းမတွင် “နေ့စဉ်အခွင့်အရေးများ မြှင့်တင်ရေး ကလေးများအသံနားထောင်ပေး” ဟူသောဆောင်ပုဒ်နှင့်အညီ ကမ္ဘာ့ကလေးများနေ့ အခမ်းအနားကို ၂၀.၁၁.၂၀၂၅ ရက်၊ နံနက် (၉:၀၀) နာရီအချိန်၌ ကျင်းပဆောင်ရွက်ခဲ့ပါသည်။

အခမ်းအနားသို့ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမြတ်ကိုနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်နှင့်မြို့နယ်များမှ ဌာနဆိုင်ရာ အကြီးအကဲများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့၊ အမျိုးသမီးများ ဘဝမြှင့်တင်ရေးအဖွဲ့တို့မှအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းအဖွဲ့ဝင်များ၊ သူနာပြုတက္ကသိုလ်၊ ပညာရေးဒီဂရီကောလိပ်နှင့် အခြေခံပညာအထက်တန်းကျောင်းများမှကျောင်းသား/ ကျောင်းသူများနှင့် ကလေးမိဘများ တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင် တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုက အဖွင့်အမှာစကား ပြောကြားပြီးနောက် ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့ကလေးများနေ့ Video Clip ပြသပြီးနောက် တနင်္သာရီ တိုင်းဒေသကြီး၊ ထားဝယ်မြို့ရှိ ဌာနမူလတန်းကြိုကျောင်း(၂)ကျောင်းနှင့် ပုဂ္ဂလိကမူလတန်းကြို ကျောင်း(၃)ကျောင်းတို့မှ မူကြိုရင်သွေးငယ်လေးများက တေးသီချင်းများဖြင့် သရုပ်ဖော် တင်ဆက်ကပြ ဖျော်ဖြေခြင်း၊ ကဗျာ/ ပုံပြင်များဖြင့် စွမ်းရည်များအားသရုပ်ဖော်ပြသခြင်းတို့ဖြင့် တင်ဆက်ကပြခဲ့ကြပါသည်။ ထို့နောက် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကိုနှင့် သက်ဆိုင်ရာဌာနများမှ ဝန်ကြီးများက မူကြိုရင်သွေးငယ်လေးများအား ဆုလက် ဆောင်များအား ပေးအပ်ချီးမြှင့်ခဲ့ပြီး အခမ်းအနားကို နံနက် (၁၀:၀၀) နာရီတွင် ရုပ်သိမ်းခဲ့ကြပါသည်။


နောက်ဆုံးရသတင်းများ

အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေး လုပ်ငန်းကော်မတီက ကြီးမှူးဖွင့်လှစ်သော စွန့်ပစ်ပစ္စည်းများဖြင့် သင်ထောက်ကူပစ္စည်း ပြုလုပ်ခြင်းသင်တန်း ဖွင့်လှစ်
ညောင်လေးပင်ခရိုင် အမျိုးသမီးကော်မတီဝင်များအား ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲကျင်းပ
ကရင်ပြည်နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီနှင့် အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေး လုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
ကယားပြည်နယ်အတွင်းရှိ ထိခိုက်လွယ်အုပ်စုဝင်များဖြစ်သည့် အသက် (၇၀) နှစ်နှင့်အထက် သက်ကြီးပုဂ္ဂိုလ်များ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသည့် အသက်(၅) နှစ်အောက်ကလေးများ၊ မသန်စွမ်းသူများအား ချီးမြှင့်ငွေပေးအပ်ခြင်းအခမ်းအနား
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ချင်းတွင်းခန်းမတွင် စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးက ဖွင့်လှစ်သည့် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ (အခြေခံ) သင်တန်းဆင်းပွဲကျင်းပ
ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး ဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက် အကောင်အထည်ဖော်မှုနှင့် တိုင်ကြားမှု ယန္တရားများအကြောင်းနှင့် ကျား/မအခြေပြု အကြမ်းဖက်မှုဆိုင်ရာ အကြောင်းအရာများအား အသိပညာပေး ဟောပြောပွဲ

MOS

DSW

DDM

DOR