တနင်္သာရီတိုင်းဒေသကြီး၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေး ကို ယနေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊ အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်ကျောင်း၌ ကျင်းပခဲ့ပါသည်။

အစည်းအဝေးတွင် တိုင်းဒေသကြီး ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးသက်နိုင်က တိုင်းဒေသကြီးအတွင်း ကလေးသူငယ် အခွင့်အရေးများဆိုင်ရာလုပ်ငန်းများ ပိုမိုအောင်မြင်အောင် အကောင်အထည်ဖော်နိုင်ရန် ကော်မတီ ဝင်ဌာန/အဖွဲ့အစည်းများအကြား ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်နိုင်ရေးအတွက် ယနေ့အစည်းအဝေးအား ကျင်းပရခြင်းဖြစ်ကြောင်း၊ တိုင်းဒေသကြီးအဆင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီကို ဖွဲ့စည်းထားရှိပြီးဖြစ်ကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ အနာဂတ်သည် နောင်တစ်ချိန်မှာ လူကြီးဖြစ်လာမည့် ကလေးများအပေါ်တွင်မူတည်ကြောင်း၊ ကလေးသူငယ်များ၏ အသက်ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ ကာကွယ်စောင့်ရှောက်ခံပိုင်ခွင့်၊ ပါဝင်ဆောင်ရွက် ခွင့်စသော  ကလေးသူငယ် အခွင့်အရေးများကို ကလေးသူငယ်တိုင်း အပြည့်အဝရရှိအောင် ဖန်တီးဆောင်ရွက်ပေးနိုင်ရန် အရေးကြီးကြောင်း၊  ကလေးသူငယ်အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ခြင်းနှင့် မြှင့်တင်ခြင်း လုပ်ငန်းစဉ်များသည် ကျယ်ပြန့်နက်နဲသောကြောင့် ဌာနတစ်ခုတည်းကသာမက ကော်မတီဝင်ဌာန များနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများက ဝိုင်းဝန်း အကောင်အထည်ဖော် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ကော်မတီအဖွဲ့ဝင်များအနေဖြင့် UNCRCက သတ်မှတ်ထားသည့် ကလေးသူငယ် များအတွက် အကောင်းဆုံးအကျိုး ဖြစ်ထွန်းစေသောမူ၊ ခွဲခြားသတ်မှတ်ခြင်းမရှိစေသောမူ၊ အသက် ရှင်သန်ရေးနှင့် ဖွံ့ဖြိုးတိုးတက်စေသောမူ၊ ကလေးသူငယ်၏ ထင်မြင်ယူဆချက်ကို အလေးပေးစေ သော မူဆိုသောအချက်များကို အခြေခံထားပြီး မိမိတို့တာဝန်ယူဆောင်ရွက်နေကြသည့် အခန်းကဏ္ဍများတွင်ကလေးသူငယ်အခွင့်အရေးများရရှိရန် ဦးတည်ဆောင်ရွက်ပေးသွားကြရန် လိုအပ်ကြောင်းပြောကြားသည်။

ထို့နောက်တိုင်းဒေသကြီး ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအတွင်းရေးမှူး တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးက ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး ကော်မတီဝင်များနှင့် လူမှုအဖွဲ့အစည်းများက ကလေးသူငယ်အခွင့်အရေးများနှင့် ပတ်သက်၍ ဆောင်ရွက်ထားရှိမှုအခြေအနေ၊ ပူးပေါင်း ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ ရှေ့လုပ်ငန်းစဉ်များအားရှင်းလင်းဆွေးနွေးကြရာ တိုင်းဒေသကြီးကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီဥက္ကဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးက ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြပါသည်။


နောက်ဆုံးရသတင်းများ

အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေး လုပ်ငန်းကော်မတီက ကြီးမှူးဖွင့်လှစ်သော စွန့်ပစ်ပစ္စည်းများဖြင့် သင်ထောက်ကူပစ္စည်း ပြုလုပ်ခြင်းသင်တန်း ဖွင့်လှစ်
ညောင်လေးပင်ခရိုင် အမျိုးသမီးကော်မတီဝင်များအား ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲကျင်းပ
ကရင်ပြည်နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီနှင့် အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေး လုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
ကယားပြည်နယ်အတွင်းရှိ ထိခိုက်လွယ်အုပ်စုဝင်များဖြစ်သည့် အသက် (၇၀) နှစ်နှင့်အထက် သက်ကြီးပုဂ္ဂိုလ်များ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသည့် အသက်(၅) နှစ်အောက်ကလေးများ၊ မသန်စွမ်းသူများအား ချီးမြှင့်ငွေပေးအပ်ခြင်းအခမ်းအနား
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ချင်းတွင်းခန်းမတွင် စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးက ဖွင့်လှစ်သည့် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ (အခြေခံ) သင်တန်းဆင်းပွဲကျင်းပ
ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး ဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက် အကောင်အထည်ဖော်မှုနှင့် တိုင်ကြားမှု ယန္တရားများအကြောင်းနှင့် ကျား/မအခြေပြု အကြမ်းဖက်မှုဆိုင်ရာ အကြောင်းအရာများအား အသိပညာပေး ဟောပြောပွဲ

MOS

DSW

DDM

DOR