၂၀၂၅ခုနှစ် ဒီဇင်ဘာလ  (၂၄)ရက်တွင်  ရှမ်းပြည်နယ် လူမှုဝန်ထမ်းရုံး လက်အောက်ရှိ   တောင်ကြီးမူလတန်းကြိုကျောင်း၏ ကာယစွမ်းရည်ပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနားကျင်းပ ပြုလုပ်ခဲ့ပါ သည်။ ထိုအခမ်းအနားကို ရှမ်းပြည်နယ် လူမှုဝန်ထမ်းရုံးမှ ညွှန်ကြားရေးမှူးနှင့် ဝန်ထမ်းများ၊ မူဆယ်ခရိုင်လူမှုဝန်ထမ်းရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး၊ ရှမ်းပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး၊ မေတ္တာစိမ့်စမ်း မူလတန်းကြို ကျောင်းမှ ကျောင်းအုပ်၊ မိဘဆရာ အသင်းအဖွဲ့ဝင်များနှင့် ကလေး(၃၅၀)ဦး၏ မိဘများ  တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားကို အစီအစဉ်()ခုဖြင့် ကျင်းပခဲ့ပြီး ပထမဦးစွာ တောင်ကြီးမူလတန်းကြိုကျောင်း သမီးငယ်လေးများမှ "မြန်မာ့အားကစားကမ္ဘာကို လွှမ်းစေရမည် သီချင်း" ဖြင့် ကပြဖျော်ဖြေ၍ ကာယစွမ်းရည်ပြိုင်ပွဲကို ဖွင့်လှစ်ခဲ့ပြီး ရှမ်းပြည်နယ် လူမှုဝန်ထမ်းရုံးမှ ညွှန်ကြားရေးမှူးက အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် အငယ်အဆင့် အသက် ()နှစ်မှ()နှစ် သားငယ်/သမီးငယ်(၁၅၀)ဦးမှ ကစားနည်း ()မျိုးဖြစ်သည့် ရိုးရိုးပြေး၊ အာလူးကောက်၊ အရောင်ရွေး၊ ပန်းပွင့်သီ၊ တုံးကျော်ပြေး၊ ပုံသဏ္ဍာန်ဆင့်၊ ဦးထုပ်ဆောင်း၊ ဇီးသီးဇွန်းကိုင်ဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး အကြီးအဆင့် အသက်()နှစ်မှ ()နှစ် သားငယ်/ သမီးငယ် (၂၀၀)ဦးမှ ကစားနည်း(၁၁)မျိုးဖြစ်သည့် ရိုးရိုးပြေး၊ အာလူးကောက်၊ အရောင်ရွေး၊ ပုတီးသီ၊ တုံးကျော်ပြေး၊ ပုံသဏ္ဍာန်ဆင့်၊ ခေါင်းဦးရွက်၊ ဝက်အူရစ်ပြေး၊ အင်္ကျီဝတ်ပြေး၊ နို့ဆီခွက်ဆင့်၊ ဦးထုပ်ဆောင်းဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါသည်။

ထို့နောက် ပြိုင်ပွဲတွင် ဆုရရှိကြသော သားငယ်/သမီးငယ်(၃၅၀)ဦးတို့အား တက်ရောက် လာကြသော ဌာနဆိုင်ရာအကြီးအကဲများနှင့် မိဘဆရာအသင်းအဖွဲ့ဝင်များမှ ပထမ၊ ဒုတိယ၊ တတိယနှင့် အထူးဆု အသီးသီး ချီးမြှင့်ခဲ့ကြပါသည်။ ဆက်လက်ပြီး ပျော်ပွဲရွှင်ပွဲအနေဖြင့် သားငယ်/သမီးငယ်လေးများ၏ မိဘများထဲမှ ကျား(၁၀)ဦး၊ မ(၁၀)ဦးနှင့် မူကြိုဆရာမများထဲမှ (၁၀)ဦးတို့က အာလူးကောက်ပြိုင်ပွဲဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး အခမ်းအနားကို နံနက်(၁၁း၃၀) နာရီအချိန်တွင် အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။




နောက်ဆုံးရသတင်းများ

အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေး လုပ်ငန်းကော်မတီက ကြီးမှူးဖွင့်လှစ်သော စွန့်ပစ်ပစ္စည်းများဖြင့် သင်ထောက်ကူပစ္စည်း ပြုလုပ်ခြင်းသင်တန်း ဖွင့်လှစ်
ညောင်လေးပင်ခရိုင် အမျိုးသမီးကော်မတီဝင်များအား ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲကျင်းပ
ကရင်ပြည်နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီနှင့် အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေး လုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
ကယားပြည်နယ်အတွင်းရှိ ထိခိုက်လွယ်အုပ်စုဝင်များဖြစ်သည့် အသက် (၇၀) နှစ်နှင့်အထက် သက်ကြီးပုဂ္ဂိုလ်များ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသည့် အသက်(၅) နှစ်အောက်ကလေးများ၊ မသန်စွမ်းသူများအား ချီးမြှင့်ငွေပေးအပ်ခြင်းအခမ်းအနား
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ချင်းတွင်းခန်းမတွင် စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးက ဖွင့်လှစ်သည့် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ (အခြေခံ) သင်တန်းဆင်းပွဲကျင်းပ
ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး ဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက် အကောင်အထည်ဖော်မှုနှင့် တိုင်ကြားမှု ယန္တရားများအကြောင်းနှင့် ကျား/မအခြေပြု အကြမ်းဖက်မှုဆိုင်ရာ အကြောင်းအရာများအား အသိပညာပေး ဟောပြောပွဲ

MOS

DSW

DDM

DOR