အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမ၌ကျင်းပရာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ ၊ လူမှုရေးအသင်းအဖွဲ့များနှင့် မသန်စွမ်းသူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က အဖွင့်အမှာစကားပြောကြားရာတွင် ပြည်နယ်အတွင်းရှိမသန်စွမ်းသူများအနေဖြင့် လူမှုရေး၊ ပညာရေး၊ စီးပွားရေးဖွံ့ဖြိုးရေးလုပ်ငန်းများတွင် အပြည့်အဝ ပါဝင်ခွင့်ရရှိစေရေး ရည်ရွယ်ကျင်းပရခြင်းဖြစ်ပါကြောင်း၊ မသန်စွမ်းသူများအနေဖြင့်  ဘက်စုံကဏ္ဍစုံတွင် ယုံကြည်မှုရှိရှိပါဝင်နိုင်‌ရေးအတွက် မိသားစုနှင့်အတူ လူမှုဝန်းကျင်တစ်ခုလုံးက ပူးပေါင်း၍ ဝိုင်းဝန်းစောင့်ရှောက်သွားကြရန် ဖြစ်ပါကြောင်း၊ နိုင်ငံတော်မှ မသန်စွမ်းသူများအတွက် အခွင့်အရေးများ ပြည့်ဝစွာရရှိနိုင်ရေးအတွက် ဥပဒေများဖြင့် အကာအကွယ်ပေးဆောင်ရွက်လျက်ရှိပြီး ပြန်လည်ထူထောင်ရေး လုပ်ငန်းများနှင့်အတူ ထိရောက်သည့် ပံ့ပိုးမှုများကိုလည်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ပြည်နယ်အတွင်းရှိမသန်စွမ်းသူများကို မိမိတို့နှင့်တန်းတူ အသိမှတ်ပြုပြီး အတူတကွ လက်တွဲဆောင်ရွက်သွားကြရန် တိုက်တွန်းလိုကြောင်း စသည်ဖြင့်ပြောကြားခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများဖြစ်သည့် သံလုံးပစ်၊ လှံတံပစ် ပြိုင်ပွဲများတွင် ဆုရရှိကြသည့် မသန်စွမ်းသူများအား ဆုများနှင့် အားကစားပြိုင်ပွဲ တွင်ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့် မသန်စွမ်းသူ (၈၂)ဦးတို့အား  အနွေးအင်္ကျီများ အသီးသီး ချီမြှင့်ပေးအပ်ခဲ့ကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အခမ်းအနားသို့ တက်ရောက်လာကြသူများက အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ Video Clipအား ကြည့်ရှုခဲ့ကြသည်။

၎င်းနောက် မသန်စွမ်းသူများမှ တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေခဲ့ကြပြီး ပြည်နယ်အစိုးရအဖွဲ့ ညွှန်ကြားရေးမှူးက သီဆိုဖျော်ဖြေခဲ့ကြသော မသန်စွမ်းသူများအား ဂုဏ်ပြုဆုငွေများ ချီးမြှင့်ခဲ့သည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက မသန်စွမ်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက်အားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။



နောက်ဆုံးရသတင်းများ

အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေး လုပ်ငန်းကော်မတီက ကြီးမှူးဖွင့်လှစ်သော စွန့်ပစ်ပစ္စည်းများဖြင့် သင်ထောက်ကူပစ္စည်း ပြုလုပ်ခြင်းသင်တန်း ဖွင့်လှစ်
ညောင်လေးပင်ခရိုင် အမျိုးသမီးကော်မတီဝင်များအား ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲကျင်းပ
ကရင်ပြည်နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီနှင့် အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေး လုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
ကယားပြည်နယ်အတွင်းရှိ ထိခိုက်လွယ်အုပ်စုဝင်များဖြစ်သည့် အသက် (၇၀) နှစ်နှင့်အထက် သက်ကြီးပုဂ္ဂိုလ်များ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသည့် အသက်(၅) နှစ်အောက်ကလေးများ၊ မသန်စွမ်းသူများအား ချီးမြှင့်ငွေပေးအပ်ခြင်းအခမ်းအနား
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ချင်းတွင်းခန်းမတွင် စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးက ဖွင့်လှစ်သည့် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ (အခြေခံ) သင်တန်းဆင်းပွဲကျင်းပ
ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး ဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက် အကောင်အထည်ဖော်မှုနှင့် တိုင်ကြားမှု ယန္တရားများအကြောင်းနှင့် ကျား/မအခြေပြု အကြမ်းဖက်မှုဆိုင်ရာ အကြောင်းအရာများအား အသိပညာပေး ဟောပြောပွဲ

MOS

DSW

DDM

DOR