ဧရာဝတီတိုင်းဒေသကြီး ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၃.၂.၂၀၂၅ ရက်တွင် တိုင်းဒေသကြီးလူမှုဝန်ထမ်းရုံး၌ ကျင်းပပြုလုပ်ခဲ့ပြီး အစည်းအဝေးသို့ ဧရာဝတီတိုင်းဒေသကြီး ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးလုပ်ငန်းကြီးကြပ်အဖွဲ့ဥက္ကဌ၊ လူမှုရေးရာဝန်ကြီး တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ တိုင်းဒေသကြီးအတွင်း ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများနှင့်ပတ်သက်၍ မှတ်ပုံတင်ကြေး၊ တည်ထောင်ခွင့်ပြုမိန့်သက်တမ်းတိုးမြှင့်ကြေးများအား ပြန်လည်သတ်မှတ်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ တင်ပြအတည်ပြုချက်ရယူရေးများကို တက်ရောက်လာသော ကော်မတီအဖွဲ့ဝင်များမှ ဆွေးနွေးခဲ့ကြပါသည်။




နောက်ဆုံးရသတင်းများ

မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးမှူးရုံး၏ ကြီးကြပ်မှုအောက်ရှိ ဌာနငယ်၊သင်တန်းကျောင်းများသို့ တိုင်းဦးစီးမှူးကွင်းဆင်းဆောင်ရွက်
စစ်ကိုင်းတိုင်ဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနနှင့် စစ်ကိုင်းတိုင်းဒေသကြီးအားကစားနှင့်ကာယပညာ ဦးစီးဌာနတို့ပူးပေါင်း၍ မုံရွာမြို့၊ ချင်းတွင်းခန်းမတွင် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ

MOS

DSW

DDM

DOR