၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့တွင် ကျရောက်သည့် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနားအား မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဦးဆောင်၍ ဝန်ကြီးချုပ် ဦးမျိုးအောင်မှ အဖွင့်အမှာစကားပြောကြားပြီး၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တိုင်း‌ဒေသကြီးဂုဏ်ဆောင် ရွှေတံဆိပ်ဆုရ အမျိုးသမီးအားကစားသမားများနှင့် ရွှေတံဆိပ်ဆု ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သော အမျိုးသမီးနည်းပြများအားလည်းကောင်း၊ ပညာရေးကဏ္ဍတွင် လူရည်ချွန်များကို မွေးထုတ်ပေးနိုင်ခဲ့ပြီး လူမှုဆက်ဆံရေးနယ်ပယ်တို့တွင် စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်ခဲ့သော အောင်မြေသာစံမြို့နယ်၊ အ.ထ.က-၈မှ ကျောင်းအုပ် ဆရာမကြီး ဒေါက်တာခင်သီတာအားလည်းကောင်း၊ ပညာရည်ထူးချွန်ဆု ရရှိသော (၃) ထပ်ကွမ်း အမျိုးသမီး ကလေးတစ်ဦးအားလည်းကောင်း၊ အများဆုံးသွေးလှူရှင် အမျိုးသမီး တစ်ဦးအားလည်းကောင်း၊ မြင်းခြံမြို့နယ်နှင့် မဟာအောင်မြေမြို့နယ်တို့မှ လူမှုရေးလုပ်ငန်းများတွင် စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်ခဲ့သော အမျိုးသမီးတပ်ဖွဲ့မှူးတစ်ဦးနှင့် ဒုတပ်ဖွဲ့ဝင် အမျိုးသမီးတစ်ဦးတို့အား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုချီးမြှင့်ငွေတို့အား ပေးအပ်ခဲ့ပြီး၊ တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးမှူးရုံး ကြီးကြပ်မှုအောက်ရှိ ဌာနငယ်/သင်တန်းကျောင်း များမှ အမျိုးသမီးကလေးများမှ အကပဒေသာဖြင့် ကပြဖျော်ဖြေပြီး၊ လက်မှုပညာပြခန်း များနှင့် ဓါတ်ပုံပိုစတာပြခန်းများဖြင့်လည်းကောင်း၊ အခမ်းအနားတက်ရောက်သူ ၂၅၀ ဦးရေခန့်ဖြင့် မဟာအောင်မြေမြို့နယ်၊ ၅၃ လမ်းနှင့် ၃၇ (ဘီ) လမ်းထောင့်ရှိ (Y Mandalay Hotel) တွင် စည်းကားသိုက်မြိုက်စွာ  ကျင်းပပြုလုပ်နိုင်ခဲ့ပါသည်။

နောက်ဆုံးရသတင်းများ

အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေး လုပ်ငန်းကော်မတီက ကြီးမှူးဖွင့်လှစ်သော စွန့်ပစ်ပစ္စည်းများဖြင့် သင်ထောက်ကူပစ္စည်း ပြုလုပ်ခြင်းသင်တန်း ဖွင့်လှစ်
ညောင်လေးပင်ခရိုင် အမျိုးသမီးကော်မတီဝင်များအား ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲကျင်းပ
ကရင်ပြည်နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီနှင့် အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေး လုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
ကယားပြည်နယ်အတွင်းရှိ ထိခိုက်လွယ်အုပ်စုဝင်များဖြစ်သည့် အသက် (၇၀) နှစ်နှင့်အထက် သက်ကြီးပုဂ္ဂိုလ်များ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသည့် အသက်(၅) နှစ်အောက်ကလေးများ၊ မသန်စွမ်းသူများအား ချီးမြှင့်ငွေပေးအပ်ခြင်းအခမ်းအနား
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ချင်းတွင်းခန်းမတွင် စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးက ဖွင့်လှစ်သည့် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ (အခြေခံ) သင်တန်းဆင်းပွဲကျင်းပ
ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး ဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက် အကောင်အထည်ဖော်မှုနှင့် တိုင်ကြားမှု ယန္တရားများအကြောင်းနှင့် ကျား/မအခြေပြု အကြမ်းဖက်မှုဆိုင်ရာ အကြောင်းအရာများအား အသိပညာပေး ဟောပြောပွဲ

MOS

DSW

DDM

DOR