၂၀၂၃ ခုနှစ်၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာလှုပ်ရှားမှု အထိမ်းအမှတ် မော်လမြိုင်ခရိုင် GBV အသိပညာပေးအစီအစဉ်ကို မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ပြည်နယ်လူမှုဝန်ထမ်းရုံးခန်းမ၌ (၅-၁၂-၂၀၂၃)ရက်နေ့၊ မွန်းလွဲ (၁၄း၀၀) နာရီအချိန်တွင် ကျင်းပခဲ့ပါသည်။ 

အဆိုပါ အသိပညာပေးအစီအစဉ်သို့ မော်လမြိုင်ခရိုင်အတွင်းရှိ ရပ်ရွာအတွင်းမှ ပြည်သူလူထု (၄၀) ဦးခန့် တက်ရောက်ခဲ့ကြပြီး ပြည်နယ်လူမှုဝန်ထမ်းရုံး ဒုတိယညွှန်ကြားရေးမှူးမှ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားမှုအစီအစဉ်များ၊ GBV နှင့်ပတ်သက်သည့်အခြေခံယူဆချက်များ၊ သတင်းအချက်အလက်များကို အသိပညာပေး ဆွေးနွေးခဲ့ပါသည်။


နောက်ဆုံးရသတင်းများ

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ပံ့ပိုးကူညီမှုဖြင့် တိုင်းဒေသကြီးကလေးအလုပ်သမားပပျောက် ရေးဆိုင်ရာအလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးရေးကော်မတီနှင့် တိုင်းဒေသကြီးလူမှုဝန်ထမ်း ဦးစီးဌာနတို့ပူးပေါင်း၍ အခြေခံစက်ချုပ်သင်တန်း (၃/၂၀၂၅) သင်တန်းဆင်ပွဲကျင်းပ

MOS

DSW

DDM

DOR