ဧရာဝတီတိုင်းဒေသကြီး၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ဦးဆောင်ကျင်းပသည့် တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ ပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း အစီအစဉ်ကို (၂၄.၁.၂၀၂၄) ရက်နေ့တွင် ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့၊ အုန်းချောကျေးရွာ၌ ကျင်းပခဲ့ရာ ဧရာဝတီတိုင်းဒေသကြီး၊ လူမှုဝန်ထမ်းရုံးမှ ညွှန်ကြားရေးမှူးက လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် ဆောင်ရွက်နေသည့် ကလေးသူငယ်များ၏အခွင့်အရေး၊ အမျိုးသမီးများ၏အခွင့်အရေး၊ မသန်စွမ်းသူများ၏အခွင့်အရေး၊ လူမှုရေးပင်စင်ထောက်ပံ့ခြင်းအစီအစဉ်၊  ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ် အောက်ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်းအစီအစဉ်နှင့် လူမှုရေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများအကြောင်းကို အသိပညာပေးဟောပြောခဲ့ပါသည်။

နောက်ဆုံးရသတင်းများ

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ပံ့ပိုးကူညီမှုဖြင့် တိုင်းဒေသကြီးကလေးအလုပ်သမားပပျောက် ရေးဆိုင်ရာအလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးရေးကော်မတီနှင့် တိုင်းဒေသကြီးလူမှုဝန်ထမ်း ဦးစီးဌာနတို့ပူးပေါင်း၍ အခြေခံစက်ချုပ်သင်တန်း (၃/၂၀၂၅) သင်တန်းဆင်ပွဲကျင်းပ

MOS

DSW

DDM

DOR