CMIS (GBV) Software စနစ် စမ်းသပ်အသုံးပြုခြင်းသင်တန်းနှင့် လက်တွေ့အသုံးပြုခြင်းသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်(၀၉:၃၀)နာရီတွင် နေပြည်တော်၊ Grand Amara Hotel ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေးက အဖွင့်အမှာစကားပြောကြားရာတွင် လူမှုဝန်ထမ်းဦးစီးဌာနသည် လုပ်ငန်းကြီး(၇)ရပ်ကို အကောင်အထည်ဖော်ဆောင်လျက်ရှိရာ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းရပ်လည်း တစ်ခုအပါအဝင်ဖြစ်ပါကြောင်း၊ အမျိုးသမီးများအတွက် ကြိုတင်ကာကွယ်ရေးအနေဖြင့် ပြည်သူများအား အသိပညာပေးခြင်း၊ ကျား၊ မ တန်းတူညီမျှစေရန် အမျိုးသမီးများ၏ စွမ်းဆောင်ရည်မြှင့်တင်ဆောင်ရွက်ခြင်း၊ အမျိုးသမီးများနှင့် မိန်းကလေးငယ်များအပေါ်  အကြမ်းဖက်မှုမဖြစ်ပေါ်အောင် ကြိုတင်ကာကွယ်ရေးအနေဖြင့် စာသင်ကျောင်းများတွင် ဟောပြောပွဲများကျင်းပခြင်း၊ ရပ်ရွာအတွင်းရှိ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်စေရန် အိမ်တွင်းမှု အသက်မွေးပညာများသင်ကြားပေးခြင်း၊ ပြဋ္ဌာန်းထားသောဥပဒေများကို ပြည်သူများအားလုံး သိရှိလိုက်နာစေရန် သက်ဆိုင်ရာဌာနများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ အရပ်ဘက်လူမှုရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းများကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနသည် ကာကွယ်စောင့်ရှောက်ရန် လိုအပ်သည့် အမျိုးသမီးနှင့် မိန်းကလေးငယ်များကို သင်တန်းကျောင်းအခြေပြုနှင့် ရပ်ရွာအခြေပြုဟူ၍ နည်းလမ်းနှစ်သွယ်ဖြင့် အကာအကွယ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။ 

ဆက်လက်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနသည် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ တပ်မတော်(ကြည်း၊ ရေ၊ လေ) သတင်းနည်းပညာဌာန၏ နည်းပညာပံ့ပိုးကူညီမှုဖြင့် SMIS Software ရေးဆွဲခဲ့ပြီး အဆိုပါစနစ်တွင် CMIS(GBV) Sofware စနစ်တစ်ခုအပါအဝင်ဖြစ်ကြောင်း၊ လူမှုရေးရာ ဖြစ်ရပ်စီမံခန့်ခွဲမှုအစီအစဉ်တွင် လူမှုရေးရာ ဖြစ်ရပ်စီမံခန့်ခွဲမှုစနစ်အရ ကာကွယ်စောင့်ရှောက်ရန်လိုအပ်သော ကလေးသူငယ်များ၊ ဥပဒေနှင့်ငြိစွန်းလျက်ရှိသော ကလေးသူငယ်များ၊ ရုပ်ပိုင်းဆိုင်ရာနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရခြင်း၊ အလွဲသုံးခြင်း၊ လျစ်လျူရှုခြင်း၊ ခေါင်းပုံဖြတ်ခြင်းခံရသော ကလေးသူငယ်များ၊ လူကုန်ကူးခံရသော ကလေးသူငယ်များ အပါအဝင် အထူးစောင့်ရှောက်ရန်လိုအပ်သော ကလေးသူငယ်များ၊ မသန်စွမ်းကလေးသူငယ်များ၏ အချက်အလက်များအား ဖြည့်သွင်းနိုင်ရန် သင်တန်းပေးခဲ့ပြီး အသုံးပြုလျက်ရှိပြီးဖြစ်ပါကြောင်း၊ ယခုအခါ ကျား၊ မ အခြေပြုအကြမ်းဖက်မှု (Gender Based Violence-GBV) ဖြစ်ရပ်များကို CMIS Software Digital Platform အောက်တွင် ထည့်သွင်းပြီးဖြစ်သဖြင့် CMIS Database(GBV Case) ပထမအကြိမ် စမ်းသပ်အသုံးပြုခြင်းသင်တန်းကို ၂၀-၁၂-၂၀၂၄ ရက်မှ ၂၂-၁၂-၂၀၂၄ ရက်ထိ လူမှုဝန်ထမ်းဦးစီးဌာန(ရုံးချုပ်)တွင် ဖွင့်လှစ်ခဲ့ပါကြောင်း၊ ယင်းသင်တန်းတွင်တွေ့ရှိခဲ့တဲ့ Errorများကို ပြင်ဆင်ခြင်း၊ လိုအပ်သည်များ ထပ်မံထည့်သွင်းခြင်းများ ဆောင်ရွက်ထားရှိပြီး ယခုအခါ ဒုတိယအကြိမ် စမ်းသပ်အသုံးပြုခြင်းသင်တန်းနှင့် လက်တွေ့အသုံးပြုခြင်းသင်တန်းကို ဖွင့်လှစ်သွားမှာဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ဖွင့်ပွဲအခမ်းအနားသို့ လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၊ တပ်မတော်(ကြည်း၊ရေ၊လေ) သတင်းနည်းပညာဌာနမှ တာဝန်ရှိသူများ၊ ကျား၊ မ အခြေပြုအကြမ်းဖက်မှု (Gender Based Violence-GBV)ဖြစ်ရပ်အား အကောင်အထည်ဖော်ဆောင်ရွက်နေသည့် တိုင်းဒေသကြီး/ပြည်နယ်များမှ သင်တန်းသူ/သင်တန်းသား(၅၀)ဦး တက်ရောက်ခဲ့ပြီး သင်တန်းကို ၁၇-၂-၂၀၂၅ ရက်မှ ၂၂-၂-၂၀၂၅ ရက်ထိ ၆ ရက်တာ ကျင်းပဆောင်ရွက်သွားမည်ဖြစ်ပါသည်။









နောက်ဆုံးရသတင်းများ

အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေး လုပ်ငန်းကော်မတီက ကြီးမှူးဖွင့်လှစ်သော စွန့်ပစ်ပစ္စည်းများဖြင့် သင်ထောက်ကူပစ္စည်း ပြုလုပ်ခြင်းသင်တန်း ဖွင့်လှစ်
ညောင်လေးပင်ခရိုင် အမျိုးသမီးကော်မတီဝင်များအား ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲကျင်းပ
ကရင်ပြည်နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီနှင့် အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေး လုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
ကယားပြည်နယ်အတွင်းရှိ ထိခိုက်လွယ်အုပ်စုဝင်များဖြစ်သည့် အသက် (၇၀) နှစ်နှင့်အထက် သက်ကြီးပုဂ္ဂိုလ်များ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသည့် အသက်(၅) နှစ်အောက်ကလေးများ၊ မသန်စွမ်းသူများအား ချီးမြှင့်ငွေပေးအပ်ခြင်းအခမ်းအနား
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ချင်းတွင်းခန်းမတွင် စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးက ဖွင့်လှစ်သည့် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ (အခြေခံ) သင်တန်းဆင်းပွဲကျင်းပ
ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး ဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက် အကောင်အထည်ဖော်မှုနှင့် တိုင်ကြားမှု ယန္တရားများအကြောင်းနှင့် ကျား/မအခြေပြု အကြမ်းဖက်မှုဆိုင်ရာ အကြောင်းအရာများအား အသိပညာပေး ဟောပြောပွဲ

MOS

DSW

DDM

DOR