၂၀၂၆ ခုနှစ်၊ မတ်လ (၈) ရက်တွင် ကျရောက်သည့် “အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့” အခမ်းအနားအား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးကော်မတီက ကြီးမှူး၍ (၈-၃-၂၀၂၆) ရက် နံနက်(၀၉:0၀)နာရီတွင် မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်းရှိ မြန်မာကွန်ဗင်းရှင်းစင်တာခန်းမ (MCC)တွင် ကျင်းပပြုလုပ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်၏ဇနီး၊ ရန်ကုန်တိုင်းဒေသကြီး တရားသူကြီးချုပ်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီး အမျိုးသမီးကော်မတီဝင်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့၊ ရန်ကုန်တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက် မှုကြီးကြပ်ရေးအဖွဲ့နှင့် အမျိုးသမီးအဖွဲ့အစည်းများ၊ ခရိုင်(၁၄)ခရိုင်၊ မြို့နယ်(၄၄)မြို့နယ်မှ  အမျိုးသမီးရေးရာအဖွဲ့များ၊ ထူးချွန်အမျိုးသမီးအဖွဲ့အစည်းများ၊ နိုင်ငံတကာပြိုင်ပွဲများနှင့် ကဏ္ဍ အသီးသီးတွင် ဆုရရှိသော ထူးချွန်အမျိုးသမီးများ၊ အခြေခံပညာအဆင့်စာစီစာကုံးပြိုင်ပွဲနှင့် အခြေခံပညာအဆင့် အာကာသ (ပန်းချီ/ကာတွန်း/ ပိုစတာ) နွေရာသီပြိုင်ပွဲတွင်  ဆုရကျောင်းသူများ၊   အုပ်ထိန်းသူများ စုစုပေါင်း (၆၀၀)ဦး တက်ရောက်ခဲ့ကြပါသည်။

 အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီးမှ အဖွင့်အမှာ စကား ပြောကြားပြီး   UN Message Video Clip ပြသခြင်း၊ မြန်မာနိုင်ငံ၏အမျိုးသမီးများ ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ ဆောင်ရွက်ချက်များ Video Clip ပြသခြင်း၊ ဆက်လက်ပြီး ဆေးတက္ကသိုလ်(၁)၊ ရန်ကုန်တက္ကသိုလ်၊ အမျိုးသားစီမံခန့်ခွဲမှုပညာရေးဒီဂရီကောလိပ်၊ ရန်ကုန်သူနာပြုတက္ကသိုလ်၊ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်၊ ရန်ကုန်ပညာရေးတက္ကသိုလ်၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ် (ရန်ကုန်) မှ  ဖျော်ဖြေရေးအစီအစဉ်များဖြင့်  ဖျော်ဖြေတင်ဆက်ကပြခဲ့ကြပါသည်။

 ထို့နောက် မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်မှ ချီးမြှင့်သော “၂၀၂၅ ခုနှစ် အတွက် လွှမ်းခြုံမှုနှင့် စွမ်းဆောင်မှု အကောင်းဆုံးပထမဆု” ရရှိသည့် ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့၊  မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းမှ  ချီးမြှင့်သော “ကျန်းမာရေးကဏ္ဍလှုပ်ရှားမှု ထူးချွန် ပထမဆု” ရရှိသည့် ရန်ကုန်တိုင်းဒေသကြီး မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၊ နိုင်ငံတကာပြိုင်ပွဲများနှင့် ကဏ္ဍအသီးသီးတွင် ဆုရရှိသော ထူးချွန်အမျိုးသမီးများ၊ ၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ်အကြို အခြေခံပညာအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ဆုရှိသူများနှင့် ဖျော်ဖြေရေး အစီအစဉ်တွင် ပါဝင်သည့် အဖွဲ့များအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ဇနီးနှင့် တာဝန်ရှိသူများမှ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုများ အသီးသီးချီးမြှင့်ခဲ့ပါသည်။


ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်၏ဇနီးနှင့် အခမ်းအနားသို့ တက်ရောက်လာကြသူများက ၂၀၂၆ ခုနှစ်၊ “အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့” အထိမ်းအမှတ်  ဓါတ်ပုံပြခန်း လှည့်လည်ကြည့်ရှုခဲ့ကြပြီး အခမ်းအနားကို နံနက် (၁၁:၅၀)နာရီတွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။ 

နောက်ဆုံးရသတင်းများ

အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေး လုပ်ငန်းကော်မတီက ကြီးမှူးဖွင့်လှစ်သော စွန့်ပစ်ပစ္စည်းများဖြင့် သင်ထောက်ကူပစ္စည်း ပြုလုပ်ခြင်းသင်တန်း ဖွင့်လှစ်
ညောင်လေးပင်ခရိုင် အမျိုးသမီးကော်မတီဝင်များအား ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲကျင်းပ
ကရင်ပြည်နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီနှင့် အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေး လုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
ကယားပြည်နယ်အတွင်းရှိ ထိခိုက်လွယ်အုပ်စုဝင်များဖြစ်သည့် အသက် (၇၀) နှစ်နှင့်အထက် သက်ကြီးပုဂ္ဂိုလ်များ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသည့် အသက်(၅) နှစ်အောက်ကလေးများ၊ မသန်စွမ်းသူများအား ချီးမြှင့်ငွေပေးအပ်ခြင်းအခမ်းအနား
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ချင်းတွင်းခန်းမတွင် စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးက ဖွင့်လှစ်သည့် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ (အခြေခံ) သင်တန်းဆင်းပွဲကျင်းပ
ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး ဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက် အကောင်အထည်ဖော်မှုနှင့် တိုင်ကြားမှု ယန္တရားများအကြောင်းနှင့် ကျား/မအခြေပြု အကြမ်းဖက်မှုဆိုင်ရာ အကြောင်းအရာများအား အသိပညာပေး ဟောပြောပွဲ

MOS

DSW

DDM

DOR