အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာရှိ အာဆီယံအတွင်းရေးမှူးချုပ်ရုံး၌ (၂၃.၄.၂၀၂၅) ရက်နေ့ တွင် ကျင်းပခဲ့သည့် အာဆီယံအမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးနှင့် မြှင့်တင်ရေးဆိုင်ရာကော်မရှင် (ACWC)၏ ၂၀၂၆-၂၀၃၀ လုပ်ငန်းအစီအစဉ် ACWC Work Plan(2026-2030)ရေးဆွဲရေးညှိနှိုင်းအစည်းအဝေးတွင် ကလေးသူငယ်များနှင့် အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး အာဆီယံဒေသတွင်းလုပ်ငန်းစီမံချက် အကောင်အထည်ဖော်ဆောင်ရွက်ရေးအတွက် နည်းပညာအထောက်အကူပြုအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ၂၄.၄.၂၀၂၅ ရက်တွင် ကျင်းပခဲ့သည့် ကလေးသူငယ်များနှင့် အမျိုးသမီးများအပေါ်အကြမ်း ဖက်မှုပပျောက်ရေး အာဆီယံဒေသတွင်းလုပ်ငန်းစီမံချက်ဆိုင်ရာ ဆွေးနွေးပွဲများသို့ အာဆီယံ ကလေးသူငယ်အခွင့်အရေးကိုယ်စားလှယ်ဖြစ်သူ လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြား‌ရေးမှူးချုပ်၊ ဒေါက်တာစန်းစန်းအေးနှင့် အာဆီယံအမျိုးသမီးအခွင့်အရေး ကိုယ်စားလှယ်ဖြစ်သူ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၊ ဥက္ကဌ၊ ဒေါက်တာသက်သက်ဇင်နှင့် ဘာသာရပ်တာဝန်ခံများတက်ရောက်ခဲ့ကြပါသည်။

        အစည်းအဝေးတွင် ACWC Work Plan (2021-2026) အကောင်အထည်ဖော်ဆောင်ရွက်ခဲ့မှု အခြေအနေများ၊ New ACWC Work Plan (2026-2030) ရေးဆွဲနိုင်ရေးအတွက် Priorities Areas များသတ်မှတ်ခြင်းကိစ္စရပ်များ၊ အာဆီယံဒေသတွင်း အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးလုပ်ငန်းရပ်များ၊ အာဆီယံဒေသတွင်း ကလေးသူငယ်များအပေါ် အကြမ်းဖက်မှုပပျောက်ရေးလုပ်ငန်းရပ်များ၊ ကလေးသူငယ်များနှင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး အာဆီယံဒေသတွင်းလုပ်ငန်းစီမံချက်အတွက် End Term Review ရေးသားရေးကိစ္စ ရပ်များအား ဆွေးနွေးခဲ့ကြပါသည်။ အဆိုပါအစည်းအဝေးတွင် ACWC Myanmar အနေဖြင့်မြန်မာ နိုင်ငံ၏ငလျင်ဒဏ်ခံစားရသည့် နယ်မြေများသို့ ASEAN Secretariat AHA Center နှင့် အာဆီယံနိုင်ငံများမှ ထောက်ပံ့ကူညီပေးမှုများအပေါ် ကျေးဇူးတင်ရှိပါကြောင်းနှင့် ACWC Work Plan (2021-2026) အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ကြုံတွေ့ခဲ့ရသည့်အခွင့်အလမ်းများနှင့် စိန်ခေါ်မှုများ၊ ကလေးသူငယ်များနှင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး အာဆီယံ ဒေသတွင်းလုပ်ငန်းစီမံချက်အတွက် မြန်မာနိုင်ငံအနေဖြင့် End Term Review ရေးသားနိုင်ရေး အခြေအနေများအား ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။








နောက်ဆုံးရသတင်းများ

အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေး လုပ်ငန်းကော်မတီက ကြီးမှူးဖွင့်လှစ်သော စွန့်ပစ်ပစ္စည်းများဖြင့် သင်ထောက်ကူပစ္စည်း ပြုလုပ်ခြင်းသင်တန်း ဖွင့်လှစ်
ညောင်လေးပင်ခရိုင် အမျိုးသမီးကော်မတီဝင်များအား ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲကျင်းပ
ကရင်ပြည်နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီနှင့် အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေး လုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
ကယားပြည်နယ်အတွင်းရှိ ထိခိုက်လွယ်အုပ်စုဝင်များဖြစ်သည့် အသက် (၇၀) နှစ်နှင့်အထက် သက်ကြီးပုဂ္ဂိုလ်များ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသည့် အသက်(၅) နှစ်အောက်ကလေးများ၊ မသန်စွမ်းသူများအား ချီးမြှင့်ငွေပေးအပ်ခြင်းအခမ်းအနား
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ချင်းတွင်းခန်းမတွင် စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးက ဖွင့်လှစ်သည့် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ (အခြေခံ) သင်တန်းဆင်းပွဲကျင်းပ
ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး ဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက် အကောင်အထည်ဖော်မှုနှင့် တိုင်ကြားမှု ယန္တရားများအကြောင်းနှင့် ကျား/မအခြေပြု အကြမ်းဖက်မှုဆိုင်ရာ အကြောင်းအရာများအား အသိပညာပေး ဟောပြောပွဲ

MOS

DSW

DDM

DOR