၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၈) ရက်က စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးတွင် အမျိုးသမီးသက်မွေး အတတ်ပညာများဖြစ်သည့် Eco Print သင်တန်း၊ ခြင်းယက်လုပ်နည်းသင်တန်း များဖွင့်လှစ်ခဲ့ပါသည်။

အဆိုပါ သင်တန်းကို ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၈) ရက်မှ ၂၀၂၆ ခုနှစ်၊ မတ်လ (၄) ရက် အထိ သင်တန်းတစ်ခုလျှင် သင်တန်းသား (၂၅) ဦးဖြင့် ဖွင့်လှစ်ခဲ့ပါသည်။ ခြင်းယက်လုပ်နည်း သင်တန်းကို မန္တလေးမြို့၊ အမျိုးသမီးသက်မွေးပညာသင်ကျောင်းမှ ဆရာမကိုယ်တိုင် သင်ကြားပို့ချ ပေးသွားမည်ဖြစ်ပြီး Eco Print သင်တန်းကို စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးမှ ဆရာမ ကိုယ်တိုင်သင်တန်းပို့ချပေးသွားမည်ဖြစ်သည်။


သင်တန်းကို တက်ရောက်ခြင်းအားဖြင့် အမျိုးသမီးများအတွက် တနိုင်တပိုင် အိမ်တွင်း စီးပွားရေးလုပ်ငန်းတစ်ခုအဖြစ် လုပ်ကိုင်သွားနိုင်မည်ဖြစ်ပြီး အမျိုးသမီးများအတွက် အလုပ်အကိုင် ရှားပါးခြင်းများ လျော့ချပေးနိုင်မည်ဖြစ်သည်။ ဤသို့ဖြင့် မြန်မာနိုင်ငံအတွင်း အမျိုးသမီးများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလာမည်ဖြစ်ပြီး စီးပွားရေးကျပ်တည်မှုများကို လျော့ချနိုင်မည် ဖြစ်သည်။

နောက်ဆုံးရသတင်းများ

အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေး လုပ်ငန်းကော်မတီက ကြီးမှူးဖွင့်လှစ်သော စွန့်ပစ်ပစ္စည်းများဖြင့် သင်ထောက်ကူပစ္စည်း ပြုလုပ်ခြင်းသင်တန်း ဖွင့်လှစ်
ညောင်လေးပင်ခရိုင် အမျိုးသမီးကော်မတီဝင်များအား ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲကျင်းပ
ကရင်ပြည်နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီနှင့် အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေး လုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
ကယားပြည်နယ်အတွင်းရှိ ထိခိုက်လွယ်အုပ်စုဝင်များဖြစ်သည့် အသက် (၇၀) နှစ်နှင့်အထက် သက်ကြီးပုဂ္ဂိုလ်များ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသည့် အသက်(၅) နှစ်အောက်ကလေးများ၊ မသန်စွမ်းသူများအား ချီးမြှင့်ငွေပေးအပ်ခြင်းအခမ်းအနား
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ချင်းတွင်းခန်းမတွင် စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးက ဖွင့်လှစ်သည့် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ (အခြေခံ) သင်တန်းဆင်းပွဲကျင်းပ
ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး ဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက် အကောင်အထည်ဖော်မှုနှင့် တိုင်ကြားမှု ယန္တရားများအကြောင်းနှင့် ကျား/မအခြေပြု အကြမ်းဖက်မှုဆိုင်ရာ အကြောင်းအရာများအား အသိပညာပေး ဟောပြောပွဲ

MOS

DSW

DDM

DOR