မြိတ်ခရိုင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေးကို မြိတ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျွန်းရတနာအစည်းအဝေးခန်းမ၌ (၂၉.၉.၂၀၂၅)ရက်၊ နေ့လည် (၁၄း၀၀) နာရီအချိန်တွင် ကျင်းပခဲ့ပါသည်။

 အစည်းအဝေးတွင် ခရိုင်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ ဥက္ကဋ္ဌ၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးဦးမှ အဖွင့်အမှာစကားပြောကြားပြီးနောက် ခရိုင်ကလေး သူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအတွင်းရေးမှူး ဒုတိယညွှန်ကြားရေးမှူး၊ ဒေါ်ကြည်အေးက ကလေးသူငယ်အခွင့်အရေးများနှင့်ပတ်သက်၍ ဌာနမူလတန်းကြိုကျောင်းများ ဖွင့်လှစ်ခြင်း၊ ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းများနှင့် ပုဂ္ဂလိကမူလတန်းကြိုကျောင်း များကို တည်ထောင်ခွင့်ပြုမိန့်ထုတ်ပေးခြင်း၊ မူလတန်းကြိုကျောင်းများမှ ဆရာမများအား ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာ သင်တန်းများပေးခြင်း၊ ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းများကို နည်းပညာအကူအညီပေးခြင်း၊ ထောက်ပံ့ကြေး ပေးခြင်း၊ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ခြင်းလုပ်ငန်းအနေဖြင့် ရပ်ရွာအခြေပြုလုပ်ငန်း နှင့် သင်တန်းကျောင်းအခြေပြုလုပ်ငန်းအကြောင်း၊ ကလေးသူငယ်ကြီးကြပ်သူများမှ အစီရင်ခံစာ ဆောင်ရွက်ထားရှိမှုနှင့် လိင်ပိုင်းဆိုင်ရာကျူးလွန်ခံရသော ကလေးသူငယ်များအား ထောက်ပံ့ ကြေးပေးအပ်မှုနှင့် အသိပညာပေးဆောင်ရွက်ထားရှိမှုများအား ရှင်းလင်းဆွေးနွေးခဲ့ပြီး တက် ရောက်လာကြသည့် ကော်မတီဝင်များမှ အထွေထွေဆွေးနွေးတင်ပြကြ၍ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမျိုးဦးမှ နိဂုံးချုပ်အမှစကားပြောကြားခဲ့ပါသည်။

နောက်ဆုံးရသတင်းများ

အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေး လုပ်ငန်းကော်မတီက ကြီးမှူးဖွင့်လှစ်သော စွန့်ပစ်ပစ္စည်းများဖြင့် သင်ထောက်ကူပစ္စည်း ပြုလုပ်ခြင်းသင်တန်း ဖွင့်လှစ်
ညောင်လေးပင်ခရိုင် အမျိုးသမီးကော်မတီဝင်များအား ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲကျင်းပ
ကရင်ပြည်နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီနှင့် အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေး လုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
ကယားပြည်နယ်အတွင်းရှိ ထိခိုက်လွယ်အုပ်စုဝင်များဖြစ်သည့် အသက် (၇၀) နှစ်နှင့်အထက် သက်ကြီးပုဂ္ဂိုလ်များ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသည့် အသက်(၅) နှစ်အောက်ကလေးများ၊ မသန်စွမ်းသူများအား ချီးမြှင့်ငွေပေးအပ်ခြင်းအခမ်းအနား
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ချင်းတွင်းခန်းမတွင် စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးက ဖွင့်လှစ်သည့် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ (အခြေခံ) သင်တန်းဆင်းပွဲကျင်းပ
ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး ဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက် အကောင်အထည်ဖော်မှုနှင့် တိုင်ကြားမှု ယန္တရားများအကြောင်းနှင့် ကျား/မအခြေပြု အကြမ်းဖက်မှုဆိုင်ရာ အကြောင်းအရာများအား အသိပညာပေး ဟောပြောပွဲ

MOS

DSW

DDM

DOR