စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးက ဖွင့်လှစ်သည့် ရှေးဦးအရွယ် ကလေးသူငယ်ပြုစု ပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ (အခြေခံ) သင်တန်းဆင်းပွဲကို စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ မုံရွာမြို့၊ ချင်းတွင်းခန်းမတွင် ၂၀၂၆ ခုနှစ်၊ မတ်() ရက်က ကျင်းပခဲ့ပါသည်။

        အခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ လူမှုရေးရာဝန်ကြီးက အဖွင့်အမှာ စကားပြောကြားခဲ့ပြီး တိုင်းဒေသကြီး တရားသူကြီးချုပ်မှ သင်တန်းနည်းပြဆရာမကြီး ဒေါ်ခင်နွဲ့ (ညွှန်ကြားရေးမှူး၊ငြိမ်း)ထံသို့ ဂုဏ်ပြု‌ချီးမြှင့်ငွေ သုံးသိန်းကျပ်တိတိကိုလည်းကောင်း၊ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီးမှ အကနည်းပြဆရာ ဒေါ်ချိုတာလွင်ထံသို့ ဂုဏ်ပြု‌ချီးမြှင့်ငွေ သုံးသိန်း ကျပ်တိတိကိုလည်းကောင်း၊ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီးမှ  ခြင်းတောင်းယက် နည်းပြဆရာမ ဒေါ်အေးမြတ်သီတာမိုးထံသို့ ဂုဏ်ပြု‌ချီးမြှင့်ငွေ သုံးသိန်းကျပ်တိတိကိုလည်းကောင်း၊ တိုင်းဒေသကြီး ဥပဒေချုပ်မှ Eco Printနှင့် Tie Dye သင်တန်း သင်တန်းနည်းပြဆရာမ ဒေါ်နီလာလှိုင်ထံသို့ ဂုဏ်ပြု‌ ချီးမြှင့်ငွေ တစ်သိန်းကျပ်တိတိကိုလည်းကောင်း၊ တိုင်းဒေသကြီး တိုင်းရင်းသားရေးရာ ဝန်ကြီးမှ သင်တန်းသူများကိုယ်စား သင်တန်းသူ (၂)ဦးအား သင်တန်းဆင်း လက်မှတ်များကို လည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံး၊ ညွှန်ကြားရေးမှူးမှ သင်တန်းဆင်း အစီရင်ခံစာကို ရှင်းလင်းတင်ပြခဲ့ပါသည်။

      ဆက်လက်၍ ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာသင်တန်းသူများမှ အကအလှများဖြင့်လည်းကောင်း ပုံပြင်၊ ပြဇာတ်၊ မူကြိုကဗျာများဖြင့်လည်းကောင်း ဖျော်ဖြေတင်ဆက်ခဲ့ကြပါသည်။

      ၎င်းနောက် သင်တန်းသူများအားလုံးကိုယ်စား သင်တန်းသူတစ်ဦးမှ ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကာ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။

နောက်ဆုံးရသတင်းများ

အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေး လုပ်ငန်းကော်မတီက ကြီးမှူးဖွင့်လှစ်သော စွန့်ပစ်ပစ္စည်းများဖြင့် သင်ထောက်ကူပစ္စည်း ပြုလုပ်ခြင်းသင်တန်း ဖွင့်လှစ်
ညောင်လေးပင်ခရိုင် အမျိုးသမီးကော်မတီဝင်များအား ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲကျင်းပ
ကရင်ပြည်နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီနှင့် အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေး လုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
ကယားပြည်နယ်အတွင်းရှိ ထိခိုက်လွယ်အုပ်စုဝင်များဖြစ်သည့် အသက် (၇၀) နှစ်နှင့်အထက် သက်ကြီးပုဂ္ဂိုလ်များ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသည့် အသက်(၅) နှစ်အောက်ကလေးများ၊ မသန်စွမ်းသူများအား ချီးမြှင့်ငွေပေးအပ်ခြင်းအခမ်းအနား
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ချင်းတွင်းခန်းမတွင် စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးက ဖွင့်လှစ်သည့် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ (အခြေခံ) သင်တန်းဆင်းပွဲကျင်းပ
ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး ဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက် အကောင်အထည်ဖော်မှုနှင့် တိုင်ကြားမှု ယန္တရားများအကြောင်းနှင့် ကျား/မအခြေပြု အကြမ်းဖက်မှုဆိုင်ရာ အကြောင်းအရာများအား အသိပညာပေး ဟောပြောပွဲ

MOS

DSW

DDM

DOR